Headlines News :
Home » »  နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လာအိုနိုင်ငံတွင် ကျင်းပမည့် (၉)ကြိမ်မြောက် အာရှ- ဥရောပ ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်မည်

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လာအိုနိုင်ငံတွင် ကျင်းပမည့် (၉)ကြိမ်မြောက် အာရှ- ဥရောပ ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်မည်

Written By လွင့်မောင်မောင် on Friday, November 2, 2012 | 7:13 PM

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ကျင်းပမည့် (၉)ကြိမ်မြောက် အာရှ- ဥရောပ ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ရန် နိုဝင်ဘာလ ၄ ရက်တွင် လာအိုနိုင်ငံသို့ သွားရောက်မည်ဟု နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက Eleven Media Group သို့ နိုဝင်ဘာလ ၂ ရက်နေ့က ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လာရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။(၉)ကြိမ်မြောက် အာရှ- ဥရောပ ထိပ်သီး ဆွေးနွေးပွဲကို လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၅ ရက်မှ ၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဆွေးနွေးပွဲ၏ အကြောင်းအရာခေါင်းစဉ်မှာ “Friends for Peace, Partners for Prosperity” ဖြစ်သည်။

ထိပ်သီးဆွေးနွေးပွဲတွင် အာရှနှင့် ဥရောပမှ နိုင်ငံခေါင်းဆောင်များသည် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများ၊ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကိစ္စများ၊ စားနပ်ရိက္ခာ၊ စွမ်းအင်ဖူလုံမှု၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ္ဍာရေးနှင့် စီးပွားရေးအကျပ်အတည်းကိစ္စရပ်များ၊ ရာသီဥတုပြောင်းလဲမှု အပါအ၀င် အာရှ- ဥရောပ ထိပ်သီး ဆွေးနွေးပွဲ၏ အနာဂတ်အလားအလာများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် လာအိုနိုင်ငံသို့ ယခုနှစ် မတ်လကလည်း ချစ်ကြည်ရေးခရီးအဖြစ် သွားရောက်ခဲ့သေးသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template