Headlines News :
Home » » စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ အစ္စလာမ်ဘာသာဝင် နှစ်ဦးထုတ်ပယ်ခံရ

စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ အစ္စလာမ်ဘာသာဝင် နှစ်ဦးထုတ်ပယ်ခံရ

Written By လွင့်မောင်မောင် on Saturday, November 3, 2012 | 8:02 PM

 
  ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သော ပဋိပက္ခများကို စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းထားသော စုံစမ်းစစ်ရေးကော်မရှင်မှ အစ္စလာမ်ဘာသာရေးရာအဖွဲ့ချုပ်မှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့ကို ကော်မရှင်၏ စည်းမျဉ်း၊ စည်းကမ်းများကို မလိုက်နာသဖြင့် နိုဝင်ဘာလ ၁ရက်နေ့တွင် ထုတ်ပယ်လိုက်ကြောင်း အဆိုပါကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကော်မရှင်ကို ဝေဖန်မှုတွေလုပ်တယ်။ စည်းမျဉ်း၊ စည်းကမ်းတွေကို မလိုက်နာလို့ ထုတ်ပယ်လိုက်တာပါ“ ဟု ၄င်းက ဆို သည်။

၎င်းတို့ နှစ်ဦးသည် ကော်မရှင်ကို ကိုယ်စားပြုကာ ကော်မရှင်၏ ခွင့်ပြုချက် တစ်စုံတစ်ရာမရှိပဲ ၄င်းတို့ သဘောဖြင့် သတင်း စာရှင်းလင်းပွဲပြုလုပ်ခဲ့သည်မှာလည်း လက်ခံနိုင်စရာမရှိကြောင်း အဆိုပါကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

လူပုဂ္ဂိုလ် ၂၇ဦးပါဝင်သော ယင်းစုံစမ်းစစ်ဆေးရေး ကော်မရှင်ကို နိုင်ငံတော်သမ္မရုံးက သြဂုတ်လ ၁၇ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ရာ အစ္စလာမ်ဘာသာဝင် ၆ဦး၊ ခရစ်ယာန်၊ ဟိန္ဒူဘာသာဝင်များအပြင် နိုင်ငံရေးနှင့် လူမှုရေးအဖွဲ့အစည်း ပုဂ္ဂိုလ်များသာမက သတင်းစားဆရာများ၊ ဥပဒေပညာရှင် များပါဝင်ခဲ့သည်ကို တွေ့ရှိရသည်။

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template