Headlines News :
Home » » သိမ်းဆည်းခံမြေ ပြန်လည်ရရှိရေး ချောင်းသာတွင် ဒေသခံများ ဆန္ဒပြ

သိမ်းဆည်းခံမြေ ပြန်လည်ရရှိရေး ချောင်းသာတွင် ဒေသခံများ ဆန္ဒပြ

Written By လွင့်မောင်မောင် on Friday, November 2, 2012 | 8:08 PM

ဧရာဝတီတိုင်း ချောင်းသာမြို့မှာ ဒေသခံ ၃၀၀ လောက်က သိမ်းဆည်း ခံထားရတဲ့ သူတို့မြေတွေ ပြန်လည် ရရှိရေး အတွက် ဆန္ဒပြ တောင်းဆိုကြပါတယ်။

အရင် ခရိုင် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီခေတ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်တုန်းက ချောင်းသာမြို့ခံတွေရဲ့ ကမ်းခြေမြေယာ ၆၁၅ ဧကကို မြို့သစ်တည်မယ် ဆိုပြီး လျော်ကြေး မပေးဘဲ သိမ်းဆည်းခဲ့ပါတယ်။

ဒါပေမယ့် အခုထက်ထိတိုင် အကောင်အထည်မဖော်တဲ့အတွက် ဒီမြေတွေကို ပြန်လည်ရရှိရေးနဲ့ နစ်နာကြေးရရှိရးအတွက် ဆန္ဒပြကြတာလို့ ဦးဆောင် ဆန္ဒပြသူ တဦးက အခုလို ပြောပါတယ်။

“၇ ရပ်ကွက် ဘောလုံးကွင်းကနေ အုပ်ချုပ်ရေးမှူးရုံးထိ ချီတက်တယ်။ ဟောပြောပွဲလုပ်တယ်။ အဓိက အကြောင်းရင်းက ၁၉၉၃ တုန်းက မြို့လုပ်မယ်ဆိုပြီး သိမ်းထားတဲ့မြေတွေ ပြန်တောင်းတာပါ။ မြေတွေကို ၁၉၉၃ တုန်းက လျော်ကြေးမပေးဘဲ သိမ်းခဲ့တယ်။ ပြန်တောင်းနေတာလည်း နှစ်ပေါင်း ၂၀ ကျော်ပြီ။ သိမ်းနေတာတွေကို ရပ်တန့်ဖို့လိုတယ်။ မတရားသိမ်းပြီး နစ်နာကြေးမရသေးသူတွေကိုလည်း နစ်နာကြေးရစေချင်တယ်။ မသိမ်းရသေးတဲ့ မြေတွေလည်း ထပ်မသိမ်းစေချင်တော့ဘူး။ ဒါတွေအတွက် တောင်းဆိုတယ်။”

ဒီဆန္ဒဖော်ထုတ်မှုမှာ ဒီနေ့ နေ့ခင်း ၁၂ နာခွဲလောက်ကနေ ၂ နာရီအထိ ပြုလုပ်ခဲ့ပြီး အသိမ်းဆည်းခံ မြေယာပြန်ပေး၊ နစ်နာကြေးရရှိအောင်ဆောင်ရွက်ပေး အစရှိတဲ့ ကြွေးကြော်သံတွေ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကြွေးကြော်ခဲ့ကြပါတယ်။

အဲဒီမြေနေရာတွေကို ခယက က မြို့မြေကွက်အဖြစ် ၁၉၉၃-၉၄ ခုနှစ်က သိမ်းဆည်းခဲ့ပြီး ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးတွေကို နေရာချပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်တုန်းက မြို့ဖော်ဖို့ ချပေးတဲ့ရက်ကနေ စပြီး ၁ နှစ်အတွင်း ၅၀ ရာခိုင်နှုန်း မပြီးရင် ပြန်သိမ်းမယ်လို့ စည်းကမ်းချက်ထုတ်ထားပါတယ်။

ဒါပေမယ့် အခုချိန်ထိ တစုံတရာ အကောင်အထည်မဖော်သလို မနှစ်ကလည်း ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်က ဒီမြေတွေကို ပြည်သူလုထုကို ပြန်လည်ချပေးမယ်လို့ ကတိပေးခဲ့ပေမယ့် ဘာမှ လုပ်မပေးတဲ့အတွက် ခုလို ဆန္ဒထုတ်ဖော်ရတာလို့လည်း  ဆန္ဒပြဦးဆောင်သူက ပြောပါတယ်။

“၂၀၁၁ ၁၀ လပိုင်း ၄ ရက်နေ့က ဦးသိန်းအောင်က ချောင်းသာကိုလာပြီး ရပ်မိရပ်ဖတွေနဲ့ ပြည်သူတွေကို ဘာပြောလဲဆိုတော့ မဆောက်ရသေးတဲ့ မြေကွက်တွေကို ၆ လအတွင်း သူချက်ချင်း ဆောင်ရွက်ပေးမယ်၊ လုပ်ငန်းရှင်တွေကို ပြောမယ် ၆ လအတွင်း ရောင်းချခြင်းမလုပ်နဲ့၊ ပြည်သူတွေကို ပြန်ချပေးမယ်လို့ ကတိပေးခဲ့တယ်။ အခု ၁ နှစ်ကျော်ပြီ ဘာမှလုပ်မပေးတဲ့အပြင် မြေတွေထပ်သိမ်းခံရတယ်။ ၀န်ကြီးချုပ်စကားအတိုင်း တိုင်တော့ ရုံးခေါ်ပြီး ခံဝန်ကတိတွေထိုးရတယ်၊ နောက်ဆုံး အဖမ်းခံရမယ့်ကိန်း ပေါက်လာတယ်။ ဒါတွေမခံနိုင်လို့ ဆန္ဒပြရတာပါ။”

by နော်နိုရင်း (ဒီဗွီဘီ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template