|
MMG ၏ Admin များ-- ၀ဲမှ-ကိုအုန်း၊လင်းအောင်ပြည့်၊မင်းသူရိန်၊မေဇူး |
မြန်မာ မာတီပလိုင်းသုံးစွဲသူများအွန်လိုင်းပရဟိတအဖွဲ့(MMG)၏ တည်ထောင်ခြင်း(၃)နှစ်ပြည့်တွေ့ဆုံပွဲ အခမ်းအနား ကို ၈.၁၀.၂၀၁၂ တနင်္ဂနွေနေ့ ၊ ညနေ ၄နာရီ မှ ၆နာရီ အထိ အချိန်တွင်
မဟာဗန္ဓုလပန်းခြံလမ်း(အလယ်)မြို့တော်ခန်းမအနီး ရှိ City Star Hotal တွင်ကျင်းပ ခဲ့သည်။
|
ကိုရီး -အစီအစဉ်ကြေငြာစဉ် |
အခမ်းအနားမှူးအဖြင့် ကိုကြီး(ကိုရီး)ကပြုလုပ်ခဲ့ပြီး။ရှေးဦးစွာ တက်ရောက်လာသူများမှတစ်ဦးချင်းစီ မိတ်ဆက်စကားပြောကြားကြသည်။
၎င်းတွေ့ဆုံပွဲအခမ်းအနားသို့ အနယ်နယ်ရပ်ရပ်မှအဖွဲ့ဝင် ၈၀ကျော်တက်ရောက်ခဲ့ကြသည်။
|
MMG (၃)နှစ်ပြည့်အခမ်းအနားသို့တက်ရောက်လာသူများ |
ယင်းတွေ့ဆုံပွဲသို့ စစ်ကိုင်းတောင်ရိုး မေတ္တာရှင်ဆွမ်းလောင်းအသင်းမှ
ဆရာတော်ဦးကောဝိဓ တက်ရောက်၍်သြ၀ါဒချီးမြှင့်သည်။ ဆရာဦးဖုန်း(ဓာတု) လည်းဧည့်သည်တော်အဖြင့်တက်ရောက်၍ အမှတ်တရစကားပြောကြားပေးသည်။
အခမ်းအနားတွင် ကိုလင်းအောင်ပြည့် မှ MMG အဖွဲ့ပေါ်ပေါက်လာပုံနှင့် အဖွဲ့၏လုပ်ဆောင်ချက်များကို ရှင်းလင်းတင်ပြသွားသည်။
|
ကိုလင်းအောင်ပြည့် မှ MMG အဖွဲ့ပေါ်ပေါက်လာပုံနှင့် အဖွဲ့၏လုပ်ဆောင်ချက်များကို ရှင်းလင်းတင်ပြစဉ် |
MMG အဖွဲ့အနေဖြင့် အွန်လိုင်းပေါ်တွင် ပုံမပျက်ဆက်လက်ရပ်တည်နိုင်ဖို့ အတွက်ကြိုးစားလုပ်ဆောင်နေကြောင်းကို MMG ၏ ထာဝရ Admin ကိုအုန်း ကရှင်းလင်းတင်ပြသွားခဲ့သည်။
|
MMG ၏ ထာဝရ Admin ကိုအုန်း |
အမှတ်တရစကားပြောကြားရာတွင် ဆရာတော်ဦးကောဝိဒ မှ “ စားပွဲတင် ပလတ်စတစ်ပန်းကလေးသည်ပင် စားပွဲတစ်လုံး အခန်းတစ်ခုကို အလှဆင်နိုင်သေးလျှင် လူတစ်ယောက်အနေဖြင့်မိမိတတ်သိထားသော ပညာ ၊မိမိ၌ရှိသော အာဏာ ၊လုပ်ပိုင်ခွင့် များကိုအသုံးချပြီး လူအများကို ကူညီ ၍ လောကကိုအလှဆင်ကြပါ”ဟူ၍ ဆုံးမ သြ၀ါဒပေးခဲ့ပါသည်။
|
ဆရာတော်ဦးကောဝိဒ မှ ဆုံးမသြ၀ါဒပေး |
ဆရာဖုန်း(ဓာတု) က မူ လူတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို ကြက်ဥ တစ်လုံးနှင့် ပမာပြုလျက် “ ကြက်ဥ တစ်လုံး ဟာ ၊ ပြုတ်ခံရမယ်၊သို့မဟုတ် ကြော်ခံရမယ်၊ဒါမှမဟုတ်
အပူဒဏ်ကို ခံရင်း အကောင်လေးပေါက်လာမယ်။”
|
ဦးဖုန်း(ဓာတု) မှ အမှတ်တရစကားချီးမြှင့်စဉ် |
ဒါကြောင့် ပြုတ်စားမခံရအောင်၊ကြော်စားမခံရအောင်၊ လောကဓံကိုကြံ့ကြံ့ခံရင်း စည်းလုံးညီညာစွာနေထိုင်မှသာ ဥခွံကိုဖောက်ထွက်နိုင်တဲ့
အကောင်လေးပေါက်လာနိုင်ကြောင်းအမှတ်တရစကားပြောကြား သွားပါသည်။
ထို့နောက်ဦးသက်မွန်(မန္တလေး)၊လွင့်မောင်မောင်(ထားဝယ်)၊ဦးမင်းဇော်(မန္တလေး)၊ကိုဇော်(ရန်ကုန်)၊
ကိုသတိုး(ကျုံတိုင်း)၊ကိုကြည်နိုင်(ကျုံတိုင်း)၊မင်းသူရိန်(ရန်ကုန်)၊ နှင့်မေဇူး(ရန်ကုန်)တို့ မှ
အမှတ်တရစကားများပြောကြားကြသည်။
|
ဆရာသတိုး(ကျုံတိုင်း) |
|
ဆရာကိုကြည်နိုင်(ကျုံတိုင်း) |
|
ဆရာ ဦးမင်းဇော်(မန္တလေး) |
|
ကိုဇော်(ရန်ကုန်) |
ပြီးနောက် ဆရာဦးသက်မွန်နှင့် ဆရာလွင့်မောင်မောင် တို့ကို အဖွဲ့ဝင်များမှ ကန်တော့ ကြပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။
|
ဆရာလွင့်မောင်မောင်မှ ကျေးဇူးတင်စကားပြော |