Headlines News :
Home » » မြစ်ကြီးနား လိုင်ဇာ လမ်းကြောင်း၌ တနေ့လုံး တိုက်ပွဲပြင်းထန်နေ

မြစ်ကြီးနား လိုင်ဇာ လမ်းကြောင်း၌ တနေ့လုံး တိုက်ပွဲပြင်းထန်နေ

Written By လွင့်မောင်မောင် on Sunday, December 23, 2012 | 11:54 PM



 ယနေ့နံက်ပိုင်းမှ ညနေ (၆) နာရီအထိ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်အား စစ်ဆင်ရန် မြစ်ကြီးနား- လိုင်ဇာ လမ်းကြောင်းမှ စစ်ဆင်လာ သော အစိုးရစစ်ကြောင်းများကို KIA ရှေ့တန်းတပ် များက တနေ့လုံး ခံတိုက်နေသဖြင့် ရှေ့မတိုးနိုင်ဘဲ ရှိနေသည်ဟု KIA စစ်ရုံးအရာရှိတဦးက ဆိုပါသည်။

 “ ဒီစစ်ကြောင်းတွေက ပူးပေါင်းတပ်တွေလေ။ ပူး ပေါင်းတပ်တွေဆိုတော့ ရေသာခိုကြတယ်။ ခလရ (၂၉၈) ခမရ (၃၉၀)၊ ခလရ (၅၈) နဲ့ အခြားတပ်ဖွဲ့ တွေ ပူးပေါင်းထားတယ်။ မနေ့ကလည်း တနေ့လုံး ကျနော်တို့ ဖြတ်တိုက်ခဲ့တယ်။ ဒီနေ့လည်း တနေ့လုံး ပြင်းပြင်ထန်ထန် တိုက်လိုက်တော့ ရှေ့မတိုးနိုင်ဘူး လေ။ ဒါနဲ့ဘဲသူတို့က ရဟတ်ယာဉ်ရဲ့အကူ နဲ့ တိုက် လာတယ်ဗျ။ ပြီး တော့ လက်နက်ကြီးတွေနဲ့လည်း တအားပစ်ကူပေးတော့တာပါဘဲ။” ဟု ဆိုပါသည်။

 မြစ်ကြီးနား အမှတ် (၅၀၃) စခန်းမှ Mi-25 စစ်ရ ဟတ်ယာဉ် (၂) စင်းသည် 30 mm စက်သေ နတ်ဖြင့် KIA ရှေ့တန်းတပ်များ ရှိနိုင်သောနေ ရာများနှင့် ကွမ်ရှောင်စခန်းကို တိုက်ခိုက်ခဲ့ပါ သည်။ တချိန်ထဲတွင် မလိစခန်း နှင့် ဂန်ဒေါ်ယန်တပ် စခန်းမှ အစိုးရအမြောက်တပ်တို့သည်လည်း ၁၂၀ မမ၊ ၈၁ မမ များနှင့် ပစ်ကူပေးခဲ့သလို ယမန်နေ့၌လည်း အကြိမ် (၄၀) ထက်မနဲ ကွမ် ရှောင်စခန်းကို ပစ်ခတ်ခဲ့ပါသည်။

ဤ ကဲ့သို့ (၂) ရက် တာမျှပစ်ကူပေးနေသော်လည်း တနိုင်းအခြေစိုက် ခလရ (၂၉၈) တပ်ဖွဲ့နှင့် နမ္မတီးအခြေစိုက် ခမရ (၃၉၀) တို့ စစ်ကြောင်း သည် ရည်မှန်းထားသည့် ကွမ်ရှောင်တပ်စခန်း ကိုပင် မရောက်ရှိနိုင်သေးပေ။
 ထို့အပြင် အစိုးရလက်နက်ကြီးများသည် မြစ် ကြီးနား၊ ၀ိုင်းမော်သို့ ပို့လွှတ်နေသော မလိ ရေအား လျှပ်စစ်စက်ရုံအနီး သို့ အမြောက် ကျည် (၆) လုံးကျရောက် ထိမှန်ခဲ့သည်ဟု ဆိုပါသည်။ ဤသို့ကြောင့် စစ်ဆင်ရေး ဆက် လက်ပြင်း ထန်လာ ပါက ဤမလိရေအားလျှပ် စစ်စက်ရုံကို KIA ကယာယီပိတ်ထားရမည်ဟု ဆိုပါသည်။ KIA သည် လက်နက်ကြီး ပစ်ကူပေးနေသော စခန်းများထဲမှ မလိယန်လိမ္မော်ခြံမှ အမြောက် စခန်းကို ၀င်ရောက် တိုက် ခိုက်ခဲ့သဖြင့် ဤ စခန်းမှ လက်နက်ကြီးပစ်ကူများ ရပ်တန့်သွား ခဲ့ပါသည်။ အလားတူ လိုင်ဇာသို့ စစ်ဆင်လာ သော ဗန်း မော်- ဒေါ့ဖုန်ယန်းလမ်းကြောင်းမှ အစိုးရစစ်ကြောင်းများသည်လည်း လာဂျားယန် သို့ ဦးတည်ရန် ပြင်ဆင်လှုပ်ရှားနေ သလို လက်နက်ကြီးများဖြင့်လည်း KIA စခန်းများကို ကြိုကြားပစ်ခတ်နေခဲ့ပါသည်။

 အစိုးရ၏ မြစ်ကြီးနား လိုင်ဇာ စစ်ကြောင်းများ သည် စစ်ဆင်ရေးစတင်ခဲ့သည်မှာ (၂) ရက် ခန့်ရှိလာခဲ့သော်လည်း တပ် ဖွဲ့များ ယနေ့ညနေ (၆) နာရီအချိန်ထိ ရှေ့မတိုးနိုင်ခြင်းသည် ၄င်းတို့ တပ်ဖွဲ့၌ အကျအဆုံးများခြင်း ဖြစ်နိုင်သလို လမ်း ကြောင်းများဖေါက်ရန် သွေးတိုးစမ်းနေခြင်း လည်း ဖြစ်နိုင်ဖွယ်ရှိသည်ဟု အကဲခတ် များက ဆိုပါသည်။ အစိုးရတပ်များသည် လက်နက်ကြီးများဖြင့် KIA စခန်းများကို ပစ်ကူပေးနေပါသည်။ ဤပစ်ကူများ သည်လည်း ပျောက် ကျားစစ်ဆင်ရေးတိုက်ပွဲများ တွင် ထိရောက်မှုမရှိလှပေ။

သို့သော် ဤနည်းဖြင့် အစိုးရသည် (၁၉၉၄) ခုနှစ်တွင် KNU စခန်းများ အား စစ်ဆင်ရာ၌ အထူးပင်ထိရောက်ခဲ့ပါသည်။ ဤသို့ကြောင့် လက်ရှိတွင် လိုင်ဇာဌာနချုပ်အား (105) မမ အမြောက် (၁၂) လက်ခန့် နှင့် (၁၂၀) မမ များ ချိန်ရွယ်ပစ်ခတ်နေခြင်း ဖြစ်ဖွယ်ရှိပါသည်။ သို့သော် အစိုးရသည် စစ်ရဟတ်ယာဉ်နှင့် လက် နက်ကြီးများ မည်မျှပင် သုံးစေကာမူ KIA စစ် မြေပြင်၏ ပန်ဝါစစ်ဆင်ရေး နှင့် လဂျားယန်စစ် ဆင်ရေး၌ ဦးကြိုး ခဲ့သလို ယနေ့ဖြစ်ပွားသော ကွမ်ရှောင်စခန်းတိုက်ပွဲ၌လည်းအစိုးရတပ်များ ရှေ့မတိုးနိုင်ဘဲ ဖြစ်နေခဲ့ပါသည်။ (source- ရွှေဟင်္သာသတင်းဌာန)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template