
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ယနေ့ အမျိုးသားအားကစားရုံ(၁)တွင် ကျင်းပလျှက်ရှိသော ဒဂုံရွှေအောင်လံလုပွဲစဉ်တစ်ပွဲဖြစ်သော ဖိုးကေနှင့် ထိုင်းလက်ဝှေ့သမား ဖန်ခွန်မတ်တို့ပွဲစဉ်တွင် ဒုတိယအချီ၌အလဲထိုးဖြင့် ဖိုးကေအနိင်ရရှိသွားကြောင်းသိရသည်။ အနိင်ရရှိသူ ဖိုးကေမှာ ၂၀၁၃ ဇန်န၀ါရီလ၌ကျင်းပမည့် ဒဂုံရွှေအောင်လံ ဗိုလ်လုပွဲတွင် တွေ့မရှောင်နှင့်ထိုးသတ်ရမည်ဖြစ်သည်။ "ကြည့်ရတာ ပွဲသိမ်းမြန်တော့ ကြည့်မကောင်းဘူး ။ဒုတိယအချီပဲရှိသေးတယ် ။ ပြီးတော့ထိုင်းက ပြန်ထလာနိင်သေးတာ။ ဒီလိုပုံမျိုးဆို နိင်ငံခြားသားနဲ့ထိုးတဲ့ မြန်မာ့လက်ဝှေပွဲ့ကြည့်ရတာ အရသာမရှိတော့ဘူးဗျာ" ဟု လက်ဝှေ့ပရိသတ်တစ်ဦးကဆိုသည်sn