Headlines News :
Home » » အကြမ်းဖက်မှုတစ်လပြည့်နှင့် ကြေးနီးစီမံကိန်းရပ်ဆိုင်ရေး၊နှိမ်နှင်းမှုပြုလုပ်ခဲ့သည့် တရားခံ ဖော်ထုတ်ပေးရေးအတွက် ဆန္ဒပြ

အကြမ်းဖက်မှုတစ်လပြည့်နှင့် ကြေးနီးစီမံကိန်းရပ်ဆိုင်ရေး၊နှိမ်နှင်းမှုပြုလုပ်ခဲ့သည့် တရားခံ ဖော်ထုတ်ပေးရေးအတွက် ဆန္ဒပြ

Written By လွင့်မောင်မောင် on Saturday, December 29, 2012 | 8:27 PM

ဓာတ်ပုံ-The Voice Weekely

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ကန့်ကွက် ဆန္ဒထုတ်ဖော် ခဲ့သည့် သပိတ်စခန်း များအား အကြမ်းဖက် ဖြိုခွင်း ခံရမှုမှာ ယနေ့ ဒီဇင်ဘာလ ၂၉ရက်နေ့တွင် တစ်လပြည့်မြောက် ခဲ့သော်လည်း ဖြိုခွဲသူ များအား ယခုထိ အရေးယူ နိုင်ခြင်း မရှိသေးသည့် အပေါ်၊ ကြေးနီစီမံကိန်း ဒေသခံ တောင်သူ ၂၀၀ခန့်နှင့် သံဃာ တော် အချို့ မှ ယနေ့ ညနေ ၃နာရီ အချိန်မှ စတင်ပြီး မုံရွာမြို့ အနောက်ဘက်ကမ်း ဆားလင်းကြီး မြို့နယ်၊ ညောင်ပင်ကြီး ဆိပ်ကမ်းတွင် ဆန္ဒ ထုတ်ဖော် ခဲ့ကြသည်။
အကြမ်းဖက်မှု တစ်လပြည့်နှင့် ကြေးနီးစီမံကိန်းရပ်ဆိုင်းရေး၊နှိမ်နှင်းမှုပြုလုပ်ခဲ့သည့် တရားခံဖော်ထုတ်ပေးရေးအတွက် ဆန္ဒပြမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဆန္ဒပြမှုအား ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်း တွင် ပြုလုပ်ခဲ့ပြီး လူဦးရေ ၃၀ ခန့် ပါဝင်ခဲ့ပြီး ဒဏ်ရာရဘုန်းကြီးများ၏ ပုံပါဝင်သော ဗီနိုင်းအား ကိုင်ဆောင်ကာ လက်ပန်းတောင် ကြေးနီစီမံကိန်း ဆန္ဒထုတ်ဖော်မှုတွင် အကြမ်းဖက်နှိမ်နှင်းသူအား ဖော်ထုတ်ပေး၊ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သတ်၍ တရားစွဲဆိုသူများကို လွှတ်ပေးရေး ၊၀မ်ပေါင်ကုမဏီအလိုမရှိ စသည်တို့ကို ရွတ်ဆိုကာ ၅၁လမ်းရှိ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီအထိ လမ်းလျောက်ဆန္ဒပြမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
''ကျွန်တော်တို့အနေနဲ့  တစ်လပြည့် အထိမ်းအမှတ်အနေနဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဒဏ်ရာရရှိသွားသူတွေနဲ့ ထပ်တူခံစားရတယ်ဆိုတာကို ပြချင်တာပါ။နောက်တစ်ခုက ဒီလိုအကြမ်းဖက်နှိမ်နှင်မှုကို ပြုလုပ်ခဲ့တဲ့သူတွေကို အမြန်ဆုံးအရေးယူပေးဖို့နဲ့၊ဆန္ဒပြမှုတွေမှာ တရားစွဲဆိုခံထားရတဲ့သူတွေကို အမြန်ဆုံးလွှတ်ပေးဖို့အတွက် ပြုလုပ်တာဖြစ်ပါတယ်''ဟု ဆန္ဒပြမှုတွင်ပါဝင်သူ ကိုအောင်နိုင်သူမှ ပြောသည်။
အဆိုပါဆန္ဒပြမှုများအတွင်း သက်ဆိုင်ရာတာဝန်ရှိသူများ၏ တားဆီးပိတ်ပင်မှုများနှင့် စစ်ဆေးမေးမြန်းမှုများရှိခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၌ အကြမ်းဖက်နှိမ်နှင်းမှုများ ပြုလုပ်ခဲ့သောကြောင့် ဆန္ဒထုတ်ဖော်ခဲ့သော သံဃာတော်နှင့် လူပုဂ္ဂိုလ် ၁၀၀ ကျော်ခန့်မှာ ဒဏ်ရာများရရှိခဲ့ကြောင်း၊ဒဏ်ရာရရှိခဲ့သော သံဃာတော်များထဲမှ နှစ်ပါးမှာ ဘန်ကောက်ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်းနှင့် လက်ရှိတွင်လည်း လက်ပံတောင်းတောင်စီမံကိန်းအတွက်  ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ၁၄ ဦးပါဝင်သော အထူးစုံစမ်းရေး  ကော်မရှင်ဖွဲ့ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template