ရေးသူ-သန်းဝင်း |
အလင်းရောင်ခံသတ္တဝါ ရေမြေတောတောင်များ သည်သာ ကြားခံဒြပ်သားတွေ၏အပြောင်းအလဲ အရနေရောင်ခြည်ကိုထိတွေ့ခံစားရမှုပြောင်းလဲ သွားသည် ၊
ကျနော်တို့မြန်မာပြည်သည်နေရောင် ခြည်ကိုပုံမှန်ရရှိခံစားရသောကံကောင်းသည့်နိုင်ငံ ဖြစ်သည် ။
လူနှင့်သတ္တဝါများကိုရှင်သန်နိုးထစေသလို ရေမြေတောတောင်သစ်ပင်ပန်းမလ်များကိုသာယာ လှပတင့်တယ်စေသည် ။အချို့နိုင်ငံများတွင်နေရောင် ကိုလနှင့်ချီ၍မခံစားရ နေအထွက်ကိုတခုတ်တရစောင့် ကြည့်ရသည့်အခြေအနေတွင်ရှိသည် ။
လွန်ကဲသောဥတု ရာသီရှိသည့်နိုင်ငံများသည်ရာသီဥတုပြင်းထန်မှုကိုကာ ကွယ်နိုင်ရန်လုံ့လထုတ်ရသည် ကြိုးပမ်းကြရသည် ဤသို့နှင့်ပင်တိုးတက်သောနိုင်ငံ စုစည်းမှုအားကောင်း သောနိုင်ငံဖြစ်လာသည် နည်းပညာများပိုမိုတိုးတက် ဖြစ်ထွန်းလာကြသည်။
ရှင်ရိုသေ လူရိုသေနိုင်ငံများဖြစ် လာသည့် တို့မြန်မာနိုင်ငံသည်ကားဘာသာ သာသနာ ရေမြေတောတောင်သယံဇာတများဖြင့်ပေါကြွယ်သော နိုင်ငံဖြစ်လင့်ကစား
ပေါ့ပေါ့နေတတ်သောစရိုက် ၊ သူများအပြစ်ကိုပြောဆိုတတ်သောစရိုက် ၊ ကိုယ်ညံ့တာကိုသူများကြောင့်ဟုဆင်ခြေပေးသောစရိုက်၊ မနာလိုစိတ်အားကြီးသောစရိုက်များဖြင့်လွှမ်းခြုံနေထိုင်လာခဲ့ကြသည့်လူမျိုး ဟု...ဆိုလာလျှင်ငြင်းစရာမရှိအမှန်အတိုင်းရှုမြင်ကာပြန်လည် ဆင်ခြင်သင့်၏။
အခြောက်တိုက်ဘဝင်မြင့်နေမည့်အစား နှိမ့်ချ စွာလိုအပ်သည့်ဝမ်းစာများကိုကြိုးကြိုးစားစားပြန်လည်ဖြည့် တင်းသင့်၏ ။ကျန်းမာရေး လူမှုရေး ပညာရေး စိတ်ဓါတ် စည်း ကမ်းအားလုံးဖြည့်တင်းရန်လိုအပ်လျှက်ရှိ၏။
သူများနိုင်ငံမှမြေကြီး သဲဝယ်ယူနေရ၏ ။
ဤနိုင်ငံတွင်ရေထဲမှ
သဲကိုသာမကတောင်ကိုပါဖြို၍ရောင်းစားနေ၏။ ရှက်စရာ
ကောင်းလှ၏။ တန်ဘိုးရှိသောအမိမြေသည် ဆင်ခြင်ဥာဏ်
နည်းသူတို့ကြောင့်မျက်နှာငယ်လှ၏။
လူများစည်းလုံးမှုလည်း
မရှိ စကားဖြင့်ပြေငြိမ်းအောင်မလုပ်နိုင် လက်ရင်းအားကိုးလှ၏။
ပြည်သူများနုံးချိပင်ပန်းလှပြီဖြစ်၏။
အသိတရားဖြင့်အခုချိန်
မလုပ်ဆောင်ပါက မကြာခင်ကမ္ဘာမပျက်ပဲမြန်မာပျက်သွားနိုင်ပါ၏။
ကမ္ဘာကိုမြန်မာသစ်ကြပါစို့ ။
ပေါ့ပေါ့နေခြင်းကိုရပ်တန့်ကြပါစို့
။
ငြိမ်းချမ်းစွာဖြင့်တက်ညီလက်ညီရှေ့သို့ချီတက်ကြပါစို့။ ။သန်းဝင်း