Headlines News :
Home » » ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့် CPJ ကြိုဆို

ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့် CPJ ကြိုဆို

Written By လွင့်မောင်မောင် on Saturday, December 29, 2012 | 8:25 AM


 
မြန်မာနိုင်ငံမှာ ပုဂ္ဂလိကသတင်းစာတွေ ထုတ်ဝေခွင့်ပြုတော့မယ်လို့ ကြေညာလိုက်တဲ့အပေါ် နယူးယောက် အခြေစိုက် သတင်းသမားများ အကာအကွယ်ပေးရေးကော်မတီ CPJ က ကြိုဆိုလိုက် ပါတယ်။ ပုဂ္ဂလိက သတင်းစာတွေကို ၂၀၁၃ ခုနှစ် ဧပြီလ ၁ရက်နေ့က စပြီး စတင် ထုတ်ဝေခွင့် ပြုတော့မယ့် အကြောင်း မြန်မာအစိုးရ၊ ပြန်ကြားရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၇ ရက်၊ ကြာသပတေးနေ့က ကြေညာခဲ့ပြီးတဲ့နောက် CPJ အဖွဲ့က သောကြာနေ့မှာ တုန့််ပြန် ပြောဆိုခဲ့တာပါ။

ဒီကြေညာချက်အတိုင်း အပြည့်အ၀ အကောင်အထည်ဖော်ပြီး ဘယ်လို ကန့်သတ်ချက်မျိုးမှ မရှိဘူးဆိုရင် ဒီမူဝါဒ အသစ်ဟာ ပြီးခဲ့ တဲ့နှစ်မှာ သမ္မတဦးသိန်းစိန်အစိုးရ တက်လာခဲ့ပြီးကတည်းက ရှိခဲ့တဲ့ သတင်းမီဒီယာအပေါ် ကန့်သတ်ထိန်းချုပ်တဲ့ မူဝါဒတွေကို ထိထိရောက်ရောက် ပြောင်းပြန် လှန်ပစ်လိုက်တာ ဖြစ်လိမ့်မယ်လို့ CPJ အဖွဲ့ရဲ့ အာရှအစီအစဉ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းရေးမှူး Bob Dietz က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အရင်တုန်းက ထုတ်ဝေခဲ့ဖူးတဲ့ ပုဂ္ဂလိကသတင်းစာတွေအားလုံးကို ၁၉၆၄ ခုနှစ်မှာ အဲဒီအချိန် ဦးနေ၀င်းအစိုးရက ပိတ်ပစ်ခဲ့ပြီး နိုင်ငံပိုင် လုပ်လိုက်ပြီးကတည်းကဆိုရင် ပုဂ္ဂလိကပိုင် သတင်းစာမရှိခဲ့တာ နှစ်ပေါင်း ၆၀ နီးပါးရှိသွားပြီ ဖြစ်ပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template