Headlines News :
Home » » လူမှုဖွံ့ဖြိုးရေးလုပ်ငန်း(Civil society) များပေါ်ပေါက်အောင် လုပ်ဆောင်ခြင်းဖြင့် ဒီမိုကရေစီဖော်ဆောင်ရာတွင် အထောက်အကူ ရနိုင်သည်ဟု နာယက ဦးတင်ဦးမှ တောင်ကိုးရီးယားအမတ်များ အားပြောကြား

လူမှုဖွံ့ဖြိုးရေးလုပ်ငန်း(Civil society) များပေါ်ပေါက်အောင် လုပ်ဆောင်ခြင်းဖြင့် ဒီမိုကရေစီဖော်ဆောင်ရာတွင် အထောက်အကူ ရနိုင်သည်ဟု နာယက ဦးတင်ဦးမှ တောင်ကိုးရီးယားအမတ်များ အားပြောကြား

Written By လွင့်မောင်မောင် on Saturday, December 29, 2012 | 4:49 PM

  ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် တောင်ကိုးရီးယားနိုင်ငံ ၊ ယောင်ဂျီပြည်နယ်စုမှ ကိုးရီးယားဒီမိုကရေစီပါတီမှ လွှတ်တော်အမတ်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးအား လာရောက်တွေ့ဆုံ၍ ဒီမိုကရေစီဖော်ဆောင်ရေး လှုပ်ရှားမှုများကို ဆွေးနွေးခဲ့ကြသည် ။မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်တွင် တစ်ပါတီအာဏာရှင်စနစ်ကို တော်လှန်သော အရေးပါသည့်လူထုလှုပ်ရှားမှုကြီးပေါ်ပေါက်ခဲ့သလိုပင် တောင်ကိုးရီးယားနိုင်ငံတွင်လည်း ၁၉၈၀၊မေလ(၁၈) ရက်တွင် ကွန်မြူနစ်စနစ်ကို တော်လှန်သောဂွန်ဂျူးတော်လှန်ရေးပေါ်ပေါက်ခဲ့ပြီး ယခုလာရောက်သော လွှတ်တော်အမတ်များသည် ဂွန်ဂျူးတော်လှန်ရေးတွင်ပါဝင်ခဲ့သည့် ကျောင်းသားများဖြစ်သောကြောင့် NLDပါတီနှင့် ၎င်းတို့ပါတီ၏ အခြေအနေများသည် အတူတူပင်ဖြစ်ကြောင်း ယောင်ဂျီပြည်နယ်စုလွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ ဆွေးနွေးခဲ့သည်။ ယခုလက်ရှိ မြန်မာနိုင်ငံသည် ဒီမိုကရေစီရရှိနေပြီဟုဆိုသော်လည်း အစစ်အမှန်မဖြစ်သေးကြောင်း၊ ဒီမိုကရေစီဖွံ့ဖြိုးသောနိုင်ငံဖြစ်လာစေရန် ဝိုင်းဝန်းကူညီလိုသောကြောင့် နာယကဦးတင်ဦး၏ သဘောထားမည်သို့ ရှိမည်ကို မေးမြန်းခဲ့သည်။ နာယကဦးတင်ဦးက အားလုံးပါဝင်လျှင် ဖြစ်နိုင်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ လက်ရှိအခြေခံဥပဒေသည် ဒီမိုကရေစီနည်းမကျသောကြောင့် ပြန်လည်ပြင်ဆင်နိုင်ရန်နှင့် တိုင်းပြည်၏လိုအပ်သည်များကို ဖြည့်ဆည်းနိုင်ရန်ကြိုးစားခြင်းမှာ နိုင်ငံရေးပါတီများ၏တာဝန်ဖြစ်ပြီး ပြည်သူလူထု အပိုင်း၌လည်း လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများပေါ်ပေါက်အောင် လုပ်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုသည် တိုးတက်လာမည်ဖြစ်သောကြောင့် ကိုးရီးယားနိုင်ငံမှ လူမှုရေးအဖွဲ့များအနေဖြင့်မြန်မာနိုင်ငံမှ လူမှုရေးအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်စေလိုကြောင်း ပြောကြားခဲ့သည်။ တောင်ကိုးရီးယားနိုင်ငံမှလည်း ၁၉၈၀ခုနှစ်လှုပ်ရှားမှုပြီးနောက်ပိုင်း၌ အခွင့်အလမ်းနှင့်အကူအညီများအားနိုင်ငံတကာမှ ရရှိလက်ခံခဲ့ပြီး စစ်မှန်သောဒီမိုကရေစီလမ်းကြောင်းပေါ် ကြိုးစားတက်လှမ်းခဲ့ရကြောင်း ။ ထို့ ကြောင့် ဦးတင်ဦးပြောသည်ကိုလက်ခံပါကြောင်းနှင့် မြန်မာနိုင်ငံတွင်လည်း လူမှုအထောက်အကူပြုလုပ်ငန်းများ တိုးတက်လာအောင်ကူညီနိုင်ရန်ကြိုးစားပါမည်ဟု ဂတိပေးပြောကြားခဲ့သည်။ Nld Central
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template