Headlines News :
Home » » Kuala Lumpur တွင် မြန်မာ(၆)ဦး ရောင်းစားခံရရာမှ (၂) ဦးအသတ်ခံ၊ (၄) ဦးလွတ်မြောက်

Kuala Lumpur တွင် မြန်မာ(၆)ဦး ရောင်းစားခံရရာမှ (၂) ဦးအသတ်ခံ၊ (၄) ဦးလွတ်မြောက်

Written By လွင့်မောင်မောင် on Monday, December 24, 2012 | 11:43 PM

ယမန်နေ့ ဒီဇင်ဘာလ၂၃ ရက်နေ့မလေးရှားနိုင်ငံ၏မြို့တော် Kuala Lumpur တွင် မြန်မာနိုင်ငံသား (၆)ဦး ရောင်းစားခံရရာမှ (၄)ဦးပြန်လည်လွတ်မြောက်လာခဲ့ပြီး (၂)ဦးမှာအသတ်ခံခဲ့ရကြောင်း သိရှိရသည်။ရောင်းစားခံရသော မြန်မာနိုင်ငံသားများတွင်ရခိုင် (၂)ဦးနှင့်ဗမာ (၂)ဦးဖြစ်ပြီး အသတ်ခံရသူ၂ဦးမှာ ဗမာပြည်မှဖြစ်ကြောင်းသိရသည်။ ၄င်းတို့အားမြဝတီမှပွဲစားတစ်ဦးဖြစ်သူ ခိုင်မင်းညိုမှမဟာချိုင်တွင် အလုပ်လုပ်ရန်ပို့ပေးမည်ဟုဆိုကာ မလေးရှားတွင်ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံရောက်အမျိုးသားအရေးလှုပ်ရှားဆောင်ရွက်နေသူတစ်ဦးဖြစ်သူကိုမျိုးရခိုင်က " မနေ့ကသူတို့အကြောင်းကိုကြားတော့ကျွန်တော်တို့သွားပြီးကူညီပေးခဲ့ပါတယ်။သူတို့ကိုမြဝတီကပွဲစားကိုခိုင်မင်းညိုက မဟာချိုင်ကိုအလုပ်လုပ်ဖို့ ပို့ပေးမယ်ဆိုပြီးခေါ်လာတယ်လို့ ပြောတယ်။သူတို့အားလုံးထိုင်းနိုင်ငံကို အောက်တိုဘာလပိုင်းစရောက်ပြီးတော့ အောက်တိုဘာလ ၂၈ ရက်နေ့မှလှေစထွက်ရတယ်။ ပြီးတော့ဒီဇင်ဘာလ (၁၉) ရက်နေ့ကစပြီးသူတို့ ထွက်ပြေးကြတာလမ်းမှာ (၂)ရက်ကြာသွားတယ်။ အဲဒီမှာသူတို့(၆)ယောက်ထဲက ကိုကုလားလေးနဲ့ ကိုရှမ်းကလေးက အသတ်ခံရပြီးတော့ ကိုရှမ်းကလေးက မသေသေးပဲရေထဲမှာ ကူးနေတာကိုပန်ကာနဲ့ သူတို့ကတိုက်သတ်ပစ်လိုက်တယ်။ ကျန်တဲ့သူတို့ ၄ ယောက်ကထွက်ပြေး လွတ်မြောက်လာကြတယ်။ " ဟုပြောသည်။

ယခုလွတ်မြောက်လာသူများမှာရခိုင်ပြည်၊မြေပုံမြို့နယ်၊ကြက်ချေကျွန်းမှအဖဦးဗိုလ်ကျော်၏သားမောင်ဗိုလ်သန်းအသက် (၂၅)နှစ်၊ မင်းပြားမြို့နယ် အောက်ရွာမှအဖဦးညို၊ အမိဒေါ်စံနုတို့ရဲ့သားမောင်မောင်သန်းအသက် (၃၄)နှစ်၊မြဝတီ၊ကော့ကရိတ်ကမောင်မျိုးခိုင်ဦးအသက် (၁၉)နှစ်နဲ့ရန်ကုန်မြို့ကမောင်သိန်းလှိုင်အသက် (၂၃) နှစ်တို့ဖြစ်ကြောင်းသိရှိရသည်။

မလေးရှားနိုင်ငံ၊ Kuala Lumpur တွင်အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများသည် မြန်မာနိုင်ငံတွင်အလုပ်အကိုင်ရှားပါးခြင်း အလုပ်လုပ်ရန်အခွင့်အလမ်းများ မရှိခြင်းတို့ကြောင့်မလေးရှား၊ စင်္ကာပူ ထိုင်း အစရှိသည့်နိုင်ငံခြားတိုင်းပြည်များသို့ အလုပ်အကိုင်ရှာဖွေရန်ထွက်ခွာမှုများပြားနေသည်။ ထိုနေရာများတွင်အလုပ်ကြမ်းများကို မတရားအခိုင်းခံရခြင်း၊ရိုက်နှက်နှိပ်စက်မှုများ ခံရခြင်းနှင့်အထူးသဖြင့် အမျိုးသမီးငယ်လေးများသည် လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင် အရောင်းစားပိုမိုခံနေရကြောင်း သိရသည်။
Arakan times
 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template