Headlines News :
Home » » ပြည်သူကို အနိုင်အထက် လုပ်သော တနင်္သာရီ လုပ်ငန်းရှင် အချို့ကိစ္စ သက်ဆိုင်ရာသို့ တင်ပြမည်

ပြည်သူကို အနိုင်အထက် လုပ်သော တနင်္သာရီ လုပ်ငန်းရှင် အချို့ကိစ္စ သက်ဆိုင်ရာသို့ တင်ပြမည်

Written By လွင့်မောင်မောင် on Friday, December 28, 2012 | 11:06 PM


ရန်ကုန်၊ ဒီဇင်ဘာ ၂၅)
တနင်္သာရီ တိုင်းဒေသကြီးရှိ လုပ်ငန်းရှင် အချို့သည် ပြည်သူအား နိုင့်ထက် စီးနင်း လုပ်နေသောကြောင့် သက်ဆိုင်ရာသို့ တင်ပြသွား ရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
”ကျွန်မ နားလည်သလောက် ကတော့ ဒီတနင်္သာရီဘက်မှာ ဆိုရင် တချို့ လုပ်ငန်းရှင်ကြီးတွေက သိပ် ပြီးတော့ အနိုင်ကျင့်နေတယ်လို့ ကျွန်မ ကြားရပါတယ်။ ဒါတွေ ကို ကျွန်မတို့က သက်ဆိုင်ရာကို တင် ပြရမှာပဲ။ မသိချင်ယောင်ဆောင်နေ လို့ကတော့ ဖြစ်မှာ မဟုတ်ပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည် က ပြီး ခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် မြိတ်-ကော့သောင်း-ကံမော်-ကျွန်းစု ခရီးစဉ်၌ ကျွန်းစုကျေးရွာ တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
တနင်္သာရီ တိုင်းဒေသကြီး အတွင်းရှိ စီးပွားရေး လုပ်ငန်းများ ခြယ်လှယ်မှုနှင့် ပတ်သက်၍ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ပြီး ချမ်းသာနေသော လုပ်ငန်းရှင် များအနေဖြင့် ယခုကဲ့သို့ ထပ်မံလုပ်ဆောင် နေခြင်းသည် ရှက်စရာ တစ်ခုအဖြစ် မြင်ကြောင်း ၄င်းက ဒေသခံ ပြည်သူ များရှေ့တွင် ထပ်လောင်းပြောကြား သည်။
လုပ်ငန်းရှင် အချို့က ပြည်သူ အပေါ် မည်သို့ မည်ပုံနိုင့်ထက်စီး နင်းလုပ်နေသည်ကိုမူ ထည့်သွင်း ပြောကြားခြင်း မရှိပေ။
”ကျွန်မတို့ သိပ်နားမလည် ဘူး။ လုပ်ငန်းရှင် တော်တော်များ များက အင်မတန်မှ ချမ်းသာနေပါပြီ။ ဘာများ ထပ်ပြီး လိုချင်သေးလို့ ဒီလို ဆက်လုပ်နေတယ် ဆိုတာ ကျွန်မ စဉ်းစားလို့ကို မရပါဘူး။ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေ ဆင်း ရဲနေတဲ့ အချိန်မှာ ကိုယ်တစ်ယောက် တည်း ဒါမှမဟုတ် ကိုယ်တစ်စုတည်း ချမ်းသာနေတယ် ဆိုတာ အင်မ တန်မှ ရှက်စရာ ကောင်းတဲ့ ကိစ္စဖြစ် တယ်လို့ နားလည်ဖို့ လိုတယ်လို့ ကျွန်မထင်ပါတယ်” ဟု ဒေါ်အောင် ဆန်းစုကြည်က ဆိုသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဒေသခံများမှ မေးမြန်း တင်ပြသော စစ်တပ်များ စည်ကား နေသော ကိစ္စ၊ အအေးခန်း အလုပ် သမားများ ပိတ်ရက်မရှိ လုပ်ကိုင် နေရသော ကိစ္စများကို သက်ဆိုင်ရာ တာဝန်ရှိသူများအား မေးမြန်းပေး သွားမည်ဟု တာဝန်ခံခဲ့ပြီး ဒေသခံများ အကြား လိုအပ်သော အခက် အခဲကိစ္စများကို အဖွဲ့ချုပ် သို့ တင်ပြ ပေးရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။
”ဒီမေးခွန်းတွေ မေးပြီးတဲ့အခါ ကျရင် ဘယ်လို အဖြေထွက်လာ တယ် ဆိုတာ ကျွန်မ ပြန်ပြီးပြောပါ့မယ်။ ကိုယ်ကျိုး အတွက် လုပ်တဲ့နိုင်ငံရေး သမားတွေကို ဘယ်တော့ မှ မထောက်ခံပါနဲ့။ တိုင်းပြည် နာလိမ့်မယ်။ အအေးခန်းအတွင်းက အလုပ် သမားတွေကို ဘာကြောင့် ပိတ်ရက်မရှိဘဲ အလုပ်ခိုင်းနေတာလဲ ဆိုတာ ကို မေးပေး ပါ့မယ်။ သက် ဆိုင်ရာကိုမေးပြီး ကျွန်မတို့ပြန်ဖြေ ပေးပါမယ်”ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားခဲ့သည်။
အောင်ထက်(NYK)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template