Headlines News :
Home » » NLD ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများရန်ပုံငွေ ပွဲမှ ငွေကျပ်သိန်း ၂၆၅၃ ခန့်ရရှိ"

NLD ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများရန်ပုံငွေ ပွဲမှ ငွေကျပ်သိန်း ၂၆၅၃ ခန့်ရရှိ"

Written By လွင့်မောင်မောင် on Saturday, December 29, 2012 | 7:08 PM



အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပညာရေးကွန်ရက် (၂)နှစ်ပြည့် ရန်ပုံငွေဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲမှအသားတင် ငွေ ကျပ် ၂၆၅၃ သိန်းခန့် ကျန်ရှိကြောင်းပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကပြောသည်။

ရရှိငွေ စုစုပေါင်းမှာ ငွေကျပ်သိန်း ၄၆၀၀ ခန့်ဖြစ်ပြီး၊ကုန်ကျစရိတ် ၁၉၄၇ သိန်း ရှိသောကြောင့် စုစုပေါင်းကျန်ငွေ ၂၆၅၃ သိန်းကျော် ကျန်ရှိကြောင်း၊အဆိုပါငွေတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရပစ္စည်း နှစ်ခု အားလေလံပစ်သည့် ငွေပါ ပါဝင်ပြီးလက်ရှိ တွင် အင်တာနက်နှင့် တယ်လီဖုန်းတို့ဖြင့် ဆက်သွယ်၍ လှူဒါန်းထားသော ငွေ များစုံလင်စွာရရှိပါက ထပ်မံထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ယခုရရှိထားသော ငွေများကို ပညာရေးကွန်ရက် မှ ကျောင်းများအပြင် နယ်ကြားဒေသမှ ပညာရေးကျောင်းများ၊ပြည်တွင်းစစ်အခက်အခဲကြောင့် ရွှေ့ပြောင်းလုပ်သားများရှိရာနေရာများမှ
 ကျောင်းများ၊ဒုက္ခသည် များရှိရာ ဒေသမှ ကျောင်းငယ်များကို သွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပညာရေးကွန်ရက် (၂)နှစ်ပြည့် ရန်ပုံငွေဈေးရောင်းပွဲကို
 ယခုလ ၂၇ ရက်နှင့် ၂၈ ရက် တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင် တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
NYK     Popular Myanmar News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template