Headlines News :
Home » » ဂျပန်ရောက် စိုင်းစိုင်းခမ်းလှိုင် ဘာပြောထားလဲ

ဂျပန်ရောက် စိုင်းစိုင်းခမ်းလှိုင် ဘာပြောထားလဲ

Written By လွင့်မောင်မောင် on Friday, November 29, 2013 | 3:12 PM

ASEAN-Japan Music festival ပွဲကို တက်ရောက်ဖျော်ဖြေပေးခဲ့တဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က သူ့ကိုအားပေးခဲ့ကြတဲ့ ဂျပန်ရောက် မြန်မာ ပရိတ်သတ်တွေကို သူရဲ့ကိုယ်ပိုင် စာမျက်နှာမှာ တောင်းပန် ထားတာကို ကူယူဖော်ပြပေးလိုက်ပါတယ်။




'' နိုင်ငံပေါင်းများစွာက TV တွေမှာ လွှင့်မှာဖြစ်ပြီးတော့ ကိုယ့်နိုင်ငံကို ကိုယ်စားပြုနေရတဲ့အတွက် ရက်ပေါင်း များ စွာဖိအား များလွန်းခဲ့ပါတယ်။ ဒီနေ့တစ်နေ့လုံး ကိုယ်တစ်ခုမှားရင် ကိုယ့်နိုင်ငံ သိက္ခာကျ မယ်ဆိုတဲ့အသိပဲ စိတ်ထဲစွဲနေပါတယ် စင်ရှေ့မှာ ပြောမယ့် စကားတစ်လုံးကအစ ဂရုစိုက်ခဲ့ပါတယ်


 ဓာတ်ပုံ- sai sai kham Leng face book စာမျက်နှာ~~

စင်နောက်မှာ ပြေးလွှားပြင်ဆင် နေရချိန်မှာ stress လည်းသိပ်များနေတဲ့အတွက် ခါတိုင်းလိုအချိန်ပြည့် မပြုံးနေနိုင်တာကို စာနာနား လည် ပေးစေလိုပါတယ်။ ဒီနေ့အောင်အောင်မြင်မြင်ဖျော်ဖြေနိုင်ခဲ့တဲ့အတွက် ပရိသတ်နဲ့တကွ အဖွဲ့သားတွေရော အားလုံးကို ကျေးဇူး အထူးတင်ပါတယ်။ ပြီးကျတော့ ကျနော့် မမ များတောင်းဆိုတဲ့ ကျနော်ဖျော်ဖြေစဉ်မှာ လမ်းတက်လျှောက်ဖို့ကိုငြင်းပယ်ရတာက 
 တစ်။ ၀တ်စုံနဲ့သီချင်းလိုက်ဖက်မှုမရှိမှာ စိုးရိမ်ပါတယ် 

 နှစ်။ ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ ရုတ်တရက်ထလုပ်ရင် လွဲမှားသွားမှာစိုးရိမ်ပါတယ်။

 သုံး။ တစ်နိုင်ငံကို ၂၀စက္ကန့်ပဲ တိကျစွာလျှောက်နေကြတဲ့အချိန်မှာ ကျနော်တို့က အခွင့်အရေး ပိုယူသလိုဖြစ်မှာစိုးရိမ်ပါတယ်။

 လေး။ ကျနော့်အစီအစဉ်မှာနှစ်ဦးတည်းဖျော်ဖြေမယ်ဆိုတာကို လွန်ခဲ့နှစ်လကတည်းက committee နဲ့ confirm လုပ်ပြီးဖြစ်သလို ကျနော့်သီချင်းနှစ်ပုဒ်ကိုလည်း ပေးထားတဲ့မိနစ်နဲ့အတိအကျ edit လုပ်ထားပြီး  
ဖြစ်ပါတယ်။ ဒါကြောင့် အားနာနာနဲ့ ငြင်းရခြင်းဖြစ်ပါတယ်။ 

 စိုင်းစိုင်းခမ်းလှိုင် မာနလည်းမကြီးသလို ပရိသတ်ကိုရော ကိုယ့်နိုင်ငံကိုရော အလေးအနက်ထားတဲ့ အကြောင်း  လေးစားစွာ တင်ပြအပ်ပါတယ်ခင်ဗျား’’ လို့ သူ့ရဲ့ ကိုယ်ပိုင် အင်တာနက စာမျက်နှာ မှာရေး သားထားတာဖြစ်ပါတယ်။ 


အိမ့်သံစဉ်~~



 
ဧရာဝတီ Blog မှ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template