Headlines News :
Home » » ထားဝယ် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး သဘောတူညီချက် မူဘောင်သစ် တစ်ရပ်ကို လက်မှတ်ရေးထိုး

ထားဝယ် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး သဘောတူညီချက် မူဘောင်သစ် တစ်ရပ်ကို လက်မှတ်ရေးထိုး

Written By လွင့်မောင်မောင် on Sunday, November 24, 2013 | 1:15 PM


(ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းခွင် တစ်နေရာအား တွေ့ရစဉ်(ဓာတ်ပုံ-ဖြိုးဇင်)) 

ထားဝယ် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန် မြန်မာ-ထိုင်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (JCC) သည် နိုဝင်ဘာ ၂၁ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံခဲ့ပြီး သဘောတူညီချက် မူဘောင်သစ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ထိုင်းနိုင်ငံThe Nation သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သူ ထိုင်းကူးသန်းရောင်းဝယ်ရေး ၀န်ကြီး နီဝတ်သွန်ရောင် ဘွန်ဆွန်ပိုင်ဆန်က သဘောတူညီချက် သုံးရပ် လက်မှတ်ရေးထိုးပွဲသို့ မိမိတို့ ၀န်ကြီးဌာန အဖွဲ့အနေဖြင့် သက်သေအဖြစ် တက်ရောက်ခဲ့ကြောင်း ပြောကြားသည်။

ပထမ သဘောတူညီချက်ကို ထားဝယ် အထူးစီးပွားရေးဇုန် အာဏာပိုင်အဖွဲ့နှင့် ထိုင်းနှင့် မြန်မာတို့က ရာခိုင်နှုန်း ၅၀ စီ ပါဝင်ထားသော အထူးရည်မှန်းချက်များ ဆောင်ရွက်ရေး အစီအစဉ် (SPV) ၏ ထားဝယ် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး အဖွဲ့တို့အကြား လက်မှတ်ရေးထိုးမှု ဖြစ်သည်။ အထူးစီးပွားရေးဇုန်အတွက် နောက်ထပ် ရင်းနှီးမြှုပ်နှံမည့် သူများအား SPV က ဖိတ်ခေါ်သွားမည် ဖြစ်သည်။

ဒုတိယ သဘောတူညီချက်အား အဖွဲ့သုံးဖွဲ့က လက်မှတ်ရေးထိုးရာတွင် အီတာလျံ-ထိုင်းကုမ္ပဏီ ITD၊ ထားဝယ် အထူးစီးပွားရေးဇုန် အာဏာပိုင်အဖွဲ့နှင့် SPV တို့ ပါဝင်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများအား အထူးအကောင်အထည်ဖော်ရေး ကုမ္ပဏီများ (SPCs) သို့ လွှဲပြောင်းမပေးမီ ITD ၏ ဆက်လက် လုပ်ပိုင်ခွင့်များကို ဆုံးဖြတ်ပေးသွားမည် ဖြစ်သည်။

တတိယ သဘောတူညီချက်တွင် ITD နှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တို့အကြား လက်မှတ်ရေးထိုးခဲ့သည့် ထားဝယ် စီမံကိန်းနှင့် ပတ်သက်၍ တည်ဆောက်ရေးနှင့် စီမံခန့်ခွဲခွင့်များအား ITD က အဆုံးသတ်ရေးဆိုင်ရာ အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်အရ ITD အနေဖြင့် လုပ်ပိုင်ခွင့်များအား SPV သို့ လွှဲပြောင်းပေးသွားရမည် ဖြစ်သည်။

ထိုသို့ လွှဲပြောင်းပြီးပါက SPV အနေဖြင့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ပတ်သက်၍ ၇၅ နှစ်စီမံခန့်ခွဲခွင့် ရရှိမည်ဖြစ်ပြီး မြန်မာရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အရ နောက်ထပ် ၂၅ နှစ် ထပ်မံဆောင်ရွက်ခွင့် ရမည်ဖြစ်သည်။
ယခုစီမံကိန်းတွင် ITD က လုပ်ဆောင်ထားပြီး ဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုများအတွက် အဆိုပါ ကုမ္ပဏီသို့ ပြန်ပေးရမည့် ပမာဏကို ခန့်မှန်းတွက်ချက်ရန် အကြံပေးတစ်ဦး ခန့်အပ်ရေးကို JCC က သဘောတူညီလိုက်သည်။
ထိုသို့ ခန့်မှန်းတွက်ချက်မှုကို မေလမတိုင်မီ အပြီးသတ် လုပ်ဆောင်မည်ဖြစ်ပြီး SPV က ခွင့်ပြုမည့် စီမံကိန်းသစ်များအတွက် ITD အနေဖြင့် ပါဝင်လုပ်ကိုင်ခွင့်ရရန် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template