Headlines News :
Home » » လူဦးရေ နှစ်သိန်းကျော်ခန့် လာရောက်လုပ်ကိုင်နေသော ထန်းကိုင်းရေနံမှော်တွင် ရေနံထွက်နှုန်း ကျဆင်းလာမှုကြောင့် အခြားမှော်များသို့ ပြောင်းရွှေ့လုပ်ကိုင်သူ များပြား

လူဦးရေ နှစ်သိန်းကျော်ခန့် လာရောက်လုပ်ကိုင်နေသော ထန်းကိုင်းရေနံမှော်တွင် ရေနံထွက်နှုန်း ကျဆင်းလာမှုကြောင့် အခြားမှော်များသို့ ပြောင်းရွှေ့လုပ်ကိုင်သူ များပြား

Written By လွင့်မောင်မောင် on Sunday, November 24, 2013 | 1:12 PM



(ထန်းကိုင်းရေနံမှော် လုပ်ငန်းခွင် တစ်နေရာအား တွေ့ရစဉ်) 

 မြန်မာနိုင်ငံ ဒေသအနှံ့မှ လူဦးရေ နှစ်သိန်းကျော်ခန့် လာရောက်လုပ်ကိုင်နေသော မကွေးတိုင်း မင်းလှမြို့နယ် အတွင်းရှိ ထန်းကိုင်းရေနံမှော်၌ အောက်တိုဘာ လပိုင်းမှစ၍ ရေနံထွက်နှုန်း ကျဆင်းလာမှုကြောင့် အခြားမှော်များသို့ ပြောင်းရွှေ့လုပ်ကိုင်သူ များပြားလာကြောင်း မှော်အတွင်းရှိ လုပ်ငန်းရှင်များထံမှ သိရသည်။

၂၀၁၂ ခုနှစ် အတွင်းက ဒေသခံများနှင့် မင်းလှမြို့နယ်အတွင်း အခြားမှော်များမှ ရေနံတွင်းများ လာရောက်တူးဖော်ခဲ့ကြပြီး သက်ဆိုင်ရာ အာဏာပိုင်များမှ မှော်အတွင်း လုပ်ကိုင်နေသူအားလုံး ထွက်ခွာရန် နှစ်ကြိမ်အမိန့် ထုတ်ခဲ့သော်လည်း မှော်အတွင်း လုပ်ငန်းလုပ်ကိုင်သူများက ထွက်ခွာမှု မရှိခဲ့ဘဲ တရားဝင် တူးဖော်ခွင့် ရရှိရေးအတွက် နိုင်ငံတော် သမ္မတကြီးထံသို့ စာတင်ခဲ့ကြောင်း သိရသည်။

ထန်းကိုင်းရေနံမှော်၌ ရေနံတွင်းများကို အနည်းဆုံးပေ ၃၀၀ ကျော်မှ ပေ ၇၀၀ ကျော်အထိ တူးရလေ့ရှိပြီး တစ်တွင်းလျှင် ကျပ်သုံးသိန်း အနည်းဆုံး ကုန်ကျလေ့ရှိကြောင်း ရေနံတစ်ပီပါလျှင် 

ကျပ်တစ်သိန်းဝန်းကျင် ဈေးရှိကြောင်း ရေနံဝယ်ရောင်း သူများထံမှ သိရသည်။

"ရေနံက မထွက်တာတော့ မဟုတ်ဘူး။ တစ်နေရာက ရေနံပေါက်ပြီဆို အဲဒီနေရာမှာ လာစုတူး ကြတာမျိုးဆိုတော့ ရေရှည်အခပ်မခံ တာမျိုးတွေ ကြုံလာရတာပေါ့။ ထွက်တဲ့ ရေနံနဲ့ ရင်းနှီးရတဲ့စရိတ် မကာမိတော့ အများစုက နီးစပ်ရာ မှော်တွေဆီ ပြောင်းသွားတယ်။ တချို့လည်း ပစ္စည်းတွေရောင်းပြီး လုံးဝနားသွားတာတွေ ရှိတယ်။ ဈေးဆိုင်တွေလည်း ပိတ်ကုန်တာ ရှိတယ်။ ဈေးကွက်မကောင်းတာထက် တရားဝင် လုပ်ကိုင်ခွင့် ရထားတာ မဟုတ်တော့ လုံခြုံရေး အတွက်လည်း ဘာအာမခံချက်မှ မရှိတာလည်း ပါတယ်" ဟု ထန်းကိုင်းရေနံမှော် အတွင်းမှ ပြောင်းရွှေ့လာသည့် ဈေးသည်တစ်ဦးက ဆိုသည်။

အဆိုပါ ရေနံမှော်များအတွင်း ပွင့်လင်းရာသီချိန် ရောက်ပါက မီးလောင်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကာ ရေနံမှော် လုပ်ကိုင်ခွင့် ရရှိသူနှင့် မှော်အတွင်း ရေနံတူးသူများ ရေနံဈေးနှုန်း ညှိနှိုင်းမှု အဆင်မပြေ၍ မီးရှို့မှုများလည်း ရှိခဲ့ဖူးကြောင်း နိုဝင်ဘာ လလယ်ပိုင်းက မင်းလှမြို့နယ်အတွင်း ငနောင်မုန်းမှော်နှင့် အခြားမှော် တစ်ခုတွင် ၂၄ နာရီအတွင်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကာ လူတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template