
အမေရိကန်ဒေါ်လာလဲ လှယ်မှုဈေးနှုန်းသည် ယခုလပိုင်း အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၉၇ဝမှ ကျပ် ၉၉၀ ဝန်းကျင်သို့ ဈေးနှုန်းမြင့် တက်လာခြင်းဖြစ်ပြီး ယင်းသို့ ဒေါ်လာဈေးမြင့်တက် လာမှုကြောင့် သွင်းကုန်ပစ္စည်း များ ဈေးနှုန်းမြင့်တက်လာသဖြင့် အခက်ကြုံနေ ရခြင်းဖြစ်ကြောင်း ယင်းတို့က ပြောသည်။
သွင်းကုန်လုပ်ငန်းလုပ်ကိုင် သူဦးမျိုးလှိုင်က ''ဒေါ်လာဈေး တက်ရင် သွင်းကုန် ပစ္စည်းတွေ ဈေးတက်မယ်။ ဓာတ်ဆီဈေးတွေ တက်မယ်။ ကုန်စည်ဈေးတွေတက် မယ်ဆိုတော့ သွင်းကုန်သမားတွေ ရော စားသုံးသူတွေရော အခက် ကြုံတာပေါ့''ဟု ပြောသည်။
ဒေါ်လာဈေးမြင့်တက်မှု ကြောင့် သွင်းကုန်လုပ်ငန်းတစ်ခု ဖြစ်သည့် ကားတင်သွင်းရာတွင်ကုန်ကျသည့်တန်ဖိုးနှုန်းထားများ မြင့်တက်မှုဖြစ်ပေါ်ပြီး ဝယ်ဈေး မြင့်မားသွားကြောင်း ကားတင် သွင်းရောင်းချသူများထံမှ သိရ သည်။
သီရိမင်္ဂလာယာဉ်ရောင်း ဝယ်ရေးစခန်းမှ ဦးကျော်သူအောင် က ''ဒေါ်လာဈေးမြင့်နေတော့ တင်သွင်းတဲ့အခါမှာ ပေးရတဲ့ ကုန်ကျစရိတ်တွေ တက်သွားတယ်၊အရေအတွက်များများသွင်းရင် တော်တော်နာသွားလိမ့်မယ်''ဟု ပြောသည်။
ထို့အပြင် တင်သွင်းလာသည့် ကားများအတွက် အခွန်အခများ ပေးဆောင်ရာ တွင် အကောက်ခွန် ဌာန၌ မြန်မာကျပ်ငွေကို ဒေါ်လာ ပေါက်ဈေးဖြင့် ဆောင် ရသည်ဖြစ် သောကြောင့် ဒေါ်လာဈေးအတက် အကျပေါ် မူတည် ၍ ပြောင်းလဲမှု များဖြစ်ပေါ်ပြီး ယခုဒေါ်လာဈေး မြင့်တက်ချိန်တွင်
ယင်းနှုန်းထားများမှာလည်း မြင့်တက်လာကြောင်း နှင့် ပြည်တွင်းဈေးကွက်တွင် ဝယ် လက်များအား ဈေးတင်ရောင်းချ ခြင်းပြုလုပ်၍မရကြောင်း ယင်းက ဆက်လက်ပြောသည်။
အလားတူဒေါ်လာနှင့် ဆက်စပ်ပစ္စည်းများဖြစ်သော ကွန်ပျူတာ၊ မိုဘိုင်းဖုန်းဟန်း ဆက်၊ လျှပ်စစ်ပစ္စည်းများအစရှိ သည့် သွင်းကုန် ပစ္စည်းများလည်း ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။
သဇင်မြင့် အီလက် ထရွန်နစ်မှ မစန္ဒာက''ဒေါ်လာဈေး တက် လာတော့ ဒေါ်လာနဲ့ဆက် စပ်ပစ္စည်းတွေဖြစ်တဲ့ သွင်းကုန်တွေ ပါ ဈေးလိုက်မြင့်လာတယ်။ ပြန် ရောင်းတာက ဝယ်ဈေးအတိုင်း ပဲ ရောင်းတယ်ဆိုပေမယ့် ဝယ်ဈေး မြင့်နေတော့ ရောင်းဈေး ပါလိုက် မြင့်သွားတာပေါ့''ဟု ပြောသည်။
သိမ်ဖြူငွေလဲကောင်တာ၏ နေ့စဉ်ငွေလဲနှုန်းများအရ အမေ ရိကန်ဒေါ် လာလဲလှယ်မှု ဈေးနှုန်း သည် နိုဝင်ဘာတတိယပတ်တွင် စတင်မြင့် တက်လာခြင်းဖြစ်ပြီး တစ်ဒေါ်လာလျှင် ကျပ် ၉၇ဝမှ ကျပ် ၉၉၀ ဝန်းကျင် သို့ မြင့်တက် လာခြင်းဖြစ်ကာ နိုဝင်ဘာ၂၈ ရက်တွင် ကန်တစ်ဒေါ်လာလျှင် ရောင်းဈေး ၉၈၈ကျပ်နှင့် ဝယ် ဈေး၉၇၈ ကျပ်ဖြင့် ပေါက်ဈေးရှိ ကြောင်းသိရပြီး သွင်းကုန်လုပ် ငန်းလုပ်ကိုင် သူများမှ ဒေါ်လာဈေး ဆက်လက်မြင့်တက်မည်ကို စိုး ရိမ်ကာ စောင့်ကြည့်နေရကြောင်း သိရသည်။
ဝေယံဖြိုးသော် - Yangon Media Group