Headlines News :
Home » » တိုင်းပြည်ခေတ်နောက်ကျ တာ ပြည်တွင်းစစ်ကြောင့်လို့ UNFC ပြော

တိုင်းပြည်ခေတ်နောက်ကျ တာ ပြည်တွင်းစစ်ကြောင့်လို့ UNFC ပြော

Written By လွင့်မောင်မောင် on Sunday, November 24, 2013 | 11:14 PM


 
 မြန်မာနိုင်ငံဖွံဖြိုးတိုးတက်မှု နောက်ကျနေရတာဟာ နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကြောင့်ဖြစ်တယ်လို့ ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ထိပ်သီးခေါင်းဆောင်တွေက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ခေါင်းဆောင်တွေဟာ အင်းလျားလိတ်ဟိုတယ်မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပြီး အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ခုလိုပြောကြားခဲ့တာပါ။

UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက သူရဲ့ ရန်ကုန်ခရီးစဉ်အပေါ် ခုလို ပြောပါတယ်။

"ကျနော်တို့ ရန်ကုန်ကိုရောက်လာတော့ မိုးချုပ်နေပြီ၊ ကြည့်လိုက်တာ မှောင်နေတာပဲ၊ ဒီနေ့ မြို့ထဲမှာ နည်းနည်းလျှောက်သွားနေတာ အိမ်အိုအိမ်ဟောင်းတွေ တော်တော်လေးကို သူများနိုင်ငံနဲ့စာရင် သံဝေဂရစရာပါပဲ၊ အဲဒီလို နှစ်ပေါင်း ၆၅ နှစ်လုံးလုံး တိုက်ပွဲဖြစ်နေလို့ အဲလိုကျနော်တို့နိုင်ငံ ဖြစ်နေရတာ"

ဒါ့အပြင် တိုင်းပြည်ဖွံ့ဖြိုးမှု နောက်ကျတာနဲ့ ပြည်တွင်းစစ် ဆက်စပ်နေသလို ပြည်တွင်းစစ်နဲ့ တိုင်းရင်းသားတွေရဲ့ တန်းတူအခွင့်အရေး တိုက်ပွဲဝင်မှုဟာလည်း ဆက်စပ်နေတဲ့အတွက် တိုင်းပြည်ဖွံ့ဖြိုးမှုအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ရရှိဖို့လိုတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ရဲ့ဥက္ကဌ နဲ့ UNFC ဒုတိယ ဥက္ကဌ ဖြစ်သူ ဦးခူးလ်အေဘယ်တွီက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတာဟာ ပြည်တွင်းစစ်နဲ့ ဆက်စပ်နေတဲ့အတွက် ပြည်တွင်းစစ် အမြန်ဆုံးရပ်စဲဖို့လိုတယ်လို့ ဆိုပါတယ်။

UNFC ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဒီကနေ့ မနက်ပိုင်းက ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနဲ့ တွေ့ဆုံခဲ့သလို ဒီကနေ့ နေ့လည်ပိုင်းမှာလည်း အရပ်ဘက်လူမှုအဖွဲ့စည်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ခရီးစဉ် ရက်အကန့်သတ်ရှိတာကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ်စတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့မရှိပေမဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ နေအိမ်မှာ မနက်ဖြန် တွေ့ဆုံဖို့ ရှိနေသလို ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အပါဝင် နိုင်ငံရေးပါတီတွေနဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။
RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template