Headlines News :
Home » » မန္တလေး အပါအဝင် မြို့ကြီးသုံးမြို့တွင် ပြည်သူ့အကျိုးပြု ပါလီမန် ကွန်ရက်များ ဖွဲ့စည်းမည်ဟုဆို

မန္တလေး အပါအဝင် မြို့ကြီးသုံးမြို့တွင် ပြည်သူ့အကျိုးပြု ပါလီမန် ကွန်ရက်များ ဖွဲ့စည်းမည်ဟုဆို

Written By လွင့်မောင်မောင် on Sunday, November 24, 2013 | 4:47 PM

မန္တလေး၊ နိုဝင်ဘာ ၂၃

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော မတရားမှုများကို ရှာဖွေ ဖော်ထုတ်ပြီး အမှန်တရား အတိုင်း ဖြစ်လာစေရန် တစ်နည်းအားဖြင့် လောကပါလ တရားများ ပြန်လည် ထွန်းကားလာစေရန် ရည်ရွယ်၍ မန္တလေးမြို့တော် အပါအဝင် မြို့ကြီးသုံးမြို့တွင် ပြည်သူ့အကျိုးပြု ပါလီမန် ကွန်ရက်များ တည်ဆောက်သွားမည် ဖြစ်ကြောင်း ၈၈ ကျောင်းသားဟောင်း တစ်ဦးဖြစ်သူ ဦးမိုးသီးဇွန်က ပြောကြားသည်။

လူထု ဆွေးနွေးပွဲ မန္တလေးမြို့တွင် ကျင်းပရန် မန္တလေးမြို့တော် ၆၆ နှင့် ၂၇ လမ်းကြားရှိ ဒေါ်မမနိုင် ရုပ်သေးပြခန်းတွင် နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေတွင် ပြုလုပ်သော မန္တလေးမြို့ရှိ အဖွဲ့အစည်း အသီးသီးမှ လုပ်ဖော်ကိုင်ဖက်များ၊ ရဲဘော်များ၊ မျိုးဆက်သစ် ရဲဘော်များ တက်ကြွလှုပ်ရှား သူရဲဘော်များနှင့် အကြိုမိတ်ဆက်ပွဲတွင် ၎င်းက ယင်းကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။
“လွတ်လပ်မှု၊ တန်းတူရေးစတဲ့ ရည်မှန်းချက်တွေကိုလည်း ဖော်ဆောင်သွားဖို့ ရည်ရွယ်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ကွန်ရက်ကို မန္တလေး၊ မကွေးနှင့် ပဲခူးမြို့တို့တွင် ဖွဲ့စည်းသွားမည် ဖြစ်ပြီး ယင်းကွန်ရက်၏ ဖွဲ့စည်းပုံတွင် သံဃာတော်များ၊ ဝါရင့်နိုင်ငံရေး ခေါင်းဆောင်များ၊ ပညာရှင်များ ပါဝင်သော သဘာပတိအဖွဲ့၊ ၇၄-၈၈ မျိုးဆက်များ၊ တက်ကြွလှုပ်ရှားသူ မျိုးဆက်သစ် လူငယ်များ ပါဝင်သည့် အတွင်းရေးမှူး အဖွဲ့တို့ကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း၊ အဆိုပါ အဖွဲ့များ အနေဖြင့် နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးစသည့် ကိစ္စများတွင် မတရားမှုများ ပေါ်ပေါက်လာပါက အစိုးရအဖွဲ့၊ လွှတ်တော်နှင့် ဒေသဆိုင်ရာ အာဏာပိုင်များထံ တင်ပြ စည်းရုံးခြင်း၊ အောက်ခြေအဆင့် အဖွဲ့များကို စည်းရုံးခြင်း၊ အကြမ်းမဖက် ငြိမ်းချမ်းသည့် လှုပ်ရှားမှုများကို လိုအပ်သလို ဆောင် ရွက်သွားမည် ဖြစ်ကြောင်း ယင်းဖွဲ့စည်းပုံအရ သိရသည်။

“လွှတ်တော်ရဲ့ လိုအပ်ချက်တွေ၊ လွှတ်တော်နဲ့ မထိစပ်တာတွေကို ထိစပ်အောင် လုပ်ပေးမယ်။ လွှတ်တော် အတွင်းကို ပြည်သူတွေရဲ့ အသံတွေ ရောက်အောင် ပို့ပေးဖို့ ဖွဲ့စည်းရတာပါ” ဟု အဆိုပါပွဲကို ကျင်းပသည့် ခေါင်းဆောင်တစ်ဦး ဖြစ်သူ ရဲဘော်ကျော်လင်းက ဆိုသည်။

အဖွဲ့အစည်းများ ဖွဲ့စည်းကာ မည်သည့် လုပ်ငန်းမျှ လုပ်ဆောင်ခြင်းမရှိဘဲ ပျက်သွားသော အဖွဲ့များစွာ ရှိကြောင်း၊ ယခုကွန်ရက်ကို ဖွဲ့မည် ဆိုပါက ဖွဲ့စည်းပုံကို သေချာစွာ လုပ်ဆောင်ရန် လိုအပ်ကြောင်း မန္တလေးမြို့ခံ စာနယ်ဇင်း ဆရာတစ်ဦးဖြစ်သူ ဦးမင်းထက်ငြိမ်းချမ်းက သုံးသပ် ပြောကြားသည်။
The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template