Headlines News :
Home » , » ၂၀၁၄ ​ဧ​ပြီ​က​စ ​သ​မ္မ​တ ​လ​စာ ​ကျပ် ​သိန်း ၅၀ ​ယူ​မည်

၂၀၁၄ ​ဧ​ပြီ​က​စ ​သ​မ္မ​တ ​လ​စာ ​ကျပ် ​သိန်း ၅၀ ​ယူ​မည်

Written By လွင့်မောင်မောင် on Tuesday, November 19, 2013 | 12:27 AM


လာ​မယ့် ​ဘ​ဏ္ဍာ​နှစ်​အ​စ ၂၀၁၄ ​ဧ​ပြီ​လ ​က​စ ​နိုင်​ငံ​တော်​သ​မ္မ​တ​ဟာ ၁ ​လ ​လ​စာ ​ကျပ်​ငွေ ​သိန်း ၅၀ ​ခံ​စား​တော့​မယ်​လို့ ​ပြည်​ထောင်​စု​လွှတ်​တော် ​နောက်​ဆုံး​နေ့ ​သ​မ္မ​တ​က​နေ ​လွှတ်​တော်​ကို ​ပေး​ပို့​တဲ့ ​သ၀ဏ်​လွှာ​ဖော်​ပြ​ချက်​အ​ရ ​သိ​ရ​ပါ​တယ်။

အဲ​ဒီ ​သ၀ဏ်​လွှာ​ထဲ​မှာ ​သူ​တို့ ​အ​စိုး​ရ​အ​ဖွဲ့ ​တာဝန်​ယူ​ကာ​စ​မှာ ​တိုင်း​ပြည်​ရဲ့ ​ဘ​ဏ္ဍာ​ငွေ​ကြေး​နဲ့ ​အ​ခြေ​အ​နေ ​အ​ကြောင်း​ကြောင်း​ကြောင့် ​ဥ​ပ​ဒေ ​ပြ​ဋ္ဌာန်း​ချက်​ပါ ​သတ်​မှတ်​ထား​တဲ့ ​လ​စာ​တွေ​အ​တိုင်း ​မ​ခံ​စား​ဘဲ ​အ​ရင် ​စစ်​အ​စိုး​ရ​ခေတ်​က ​လ​စာ​တွေ​အ​တိုင်း​ပဲ ​ခံ​စား​ခဲ့​တယ်။ ​အ​ခု ​အ​စိုး​ရ​သက်​တမ်း ၂ ​နှစ်​ခွဲ၊ ၃ ​နှစ်​ရောက်​လာ​တဲ့​အ​ခါ ​တိုင်း​ပြည် ​ဘ​ဏ္ဍာ​ကို​လည်း ​အ​သင့်​အ​တင့် ​တိုး​တက်​အောင် ​ဖော်​ဆောင်​နိုင်​ခဲ့​ကြ​တယ်။

ဒါ​ကြောင့် ​လာ​မယ့် ၂၀၁၄-၁၅ ​ဘ​ဏ္ဍာ​နှစ်​အ​စ​မှာ ​အ​ရင် ​စစ်​အ​စိုး​ရ​ခေတ်​က ​ပြ​ဌာန်း​ပေး​ခဲ့​တဲ့ ​ဥ​ပ​ဒေ ​အ​တိုင်း ​ချီး​မြှင့်​ငွေ (​လ​စာ ​ကို ​စ​ပြီး​ခံ​စား​မယ် ​ဆို​ပြီး ​ဖော်​ပြ​ထား​ပါ​တယ်။

အဲ​ဒီ ​ဥ​ပ​ဒေ​အ​ရ ​သ​မ္မ​တ​ဟာ ၁ ​လ ​ကျပ် ​သိန်း ၅၀၊ ​ဒု​သ​မ္မ​တ ​တွေ ၁ ​လ ​ကျပ် ​သိန်း ၄၀၊ ​လွှတ်​တော် ​ဥ​က္က​ဌ ​နှစ်​ယောက်​နဲ့ ​တ​ရား​သူ​ကြီး​ချုပ် ၁ ​လ ​ကျပ် ၃၅ ​သိန်း​၊ ၀န်​ကြီး​၊ ​လွှတ်​တော် ​ဒု- ​ဥ​က္က​ဋ္ဌ ၂ ​ယောက် ​နဲ့ ​အ​ဆင့်​တူ​တွေ​ကို ၁ ​လ ​ကျပ် ​သိန်း ၃၀၊ ​ဒုဝန်​ကြီး​တွေ​နဲ့ ​အ​ဆင့်​တူ​တွေ​ကို ၁ ​လ ​ကျပ် ​သိန်း ၂၀ ​သတ်​မှတ်​ထား​ပါ​တယ်။

လက်​ရှိ ​သ​မ္မ​တ ​ဦး​သိန်း​စိန်​ဟာ ၁ ​လ ​လ​စာ ​ကျပ် ၁၅ ​သိန်း ​ရ​ယူ​ခံ​စား​နေ​ကြောင်း ​ထုတ်​ဖော်​ပြော​ဆို​ထား​ပါ​တယ်။

By ​ဒီ​ဗွီ​ဘီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template