Headlines News :
Home » » ရခိုင်ပြည်နယ် မူလတန်းကျောင်းများ အတွက် ဂျပန် အလှူရှင် တစ်ဦး ကန်ဒေါ်လာ ငါးသောင်း ကူညီ

ရခိုင်ပြည်နယ် မူလတန်းကျောင်းများ အတွက် ဂျပန် အလှူရှင် တစ်ဦး ကန်ဒေါ်လာ ငါးသောင်း ကူညီ

Written By လွင့်မောင်မောင် on Saturday, November 23, 2013 | 5:07 PM

 
ကျောင်းမရှိ၍ ဘုန်းကြီးကျောင်းအောက် စပါးတောင်း ဆရာနှင့် စာသင်ကြားနေရသော ရခိုင်မှ ကလေးငယ်များ ( ဓါတ်ပုံ- နိရဉ္စရာ)

ရခိုင်ပြည်နယ် အတွင်းရှိ မူလတန်းကျောင်းများ ပြန်လည် တည်ဆောက်ရန် အတွက် ဂျပန်နိုင်ငံမှ အလှူရှင် တစ်ဦးက အမေရိကန်ဒေါ်လာ ငါးသောင်း ကူညီလှူဒါန်းလိုက်ကြောင်း သတင်း ရရှိသည်။

၎င်းအလှူငွေအား ဂျပန်နိုင်ငံ တိုကျိုမြို့နေ အလှူရှင် Mr.IKKA AKINARI ကိုယ်စား Mr.HAN JAEHTEOH က သပိတ်အိုင် သီတဂူဆရာတော် ဒေါက်တာ အရှင် ဥာဏိဿရမှ တဆင့် နိုဝင်္ဘာလ ၁၉ ရက်နေ့က လှူဒါန်းလိုက်ကြောင်း နိုဝင်္ဘာလ ၂၂ ထုတ် ကြေးမုံ သတင်းစာတွင် ဖေါ်ပြသည်။

အလှုငွေ ပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို နိုဝင်ဘာ a၁၉ ရက် နံနက် ၁၀ နာရီခွဲတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ သီတဂူသာသနာ့ ဗိမာန်တော်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

အခမ်းအနားတွင် အလှူရှင် ကိုယ်စား MR. HAN JAEHYEON က မြန်မာနိုင်ငံသည် အလွန် နှစ်သက်စရာ ကောင်းပြီး မြန်မာလူမျိုးတို့သည် ရိုးသားဖြူစင်ကြသဖြင့် ကလေးငယ်များ မူလတန်း ပညာရေး အဆင့် ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ လှူဒါန်းခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်ခုကို တည်ထောင် ရာတွင် ကလေးငယ်များကို ပြုစုပျိုးထောင်ခြင်းသည် အရေးပါအရာရောက်သည့် လုပ်ငန်းစဉ် ဖြစ်ကြောင်း၊ ကလေးငယ်များ ပညာရည်မြင့်မားမှ တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း ပြောကြားသည်ဟု သိရသည်။
 
ရခိုင်ပြည်နယ် မြို့တော် စစ်တွေမှ ခရိုင်ပညာရေးမှူးရုံးကို တွေ့ရစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
သီတဂူဆရာတော်ကြီးအား အကူအညီနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် အတွက် နိရဉ္စရာက အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုံးပိတ်ထားသည်ဟု အကြောင်းပြန်ပြီး ဆက်သွယ်၍ မရရှိခဲ့ပါ။
၎င်း အလှူရှင် Mr.IKKA AKINARI ယခင်ကလည်း စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးဒေသရှိ မူလတန်းကျောင်း အတွက် ကျပ်သိန်း ၅၀၀ နှင့် ဆေးရုံအတွက် ကျပ်သိန်း ၁၅၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
ယခု အလှူငွေသည်  ရခိုင်ပြည်နယ် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ် လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။
- See more at: http://www.narinjara.com/burmese/?p=7907#sthash.HAcX2aDy.dpuf
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template