
ရန်ကုန် ၊ နိုဝင်ဘာ ၁၉ ။ ။ ဦးနေ ဝင်း၏ မြေးများအကြောင်းကို အားလုံး မသိသော်လည်း အင်းစိန် ထောင်အထူးတိုက်တွင် အကျဉ်း ကျခံရစဉ်က ဆုံစည်း မှုအရ အ ကြီးဆုံးမြေးဖြစ်သည့် အေးနေ ဝင်းသည် သဘောထား ပျော့ ပျောင်း ပြီး ဖိနှိပ် ချုပ်ချယ်မှုများ ကို မနှစ်သက် သူဖြစ်ကြောင်း ဝါ ရင့်သတင်းစာဆရာကြီး ဟံသာ ဝတီဦးဝင်းတင် က ပြောသည်။
ယင်းအပြင် ပညာတတ်လူ ငယ်တစ်ဦးဖြစ်ပြီး ဘာသာရေး ကိုင်းရှိုင်းသူ တစ်ဦးလည်း ဖြစ် ကြောင်း အင်းစိန် အကျဉ်း ထောင် အထူး တိုက်တွင် အကျဉ်းကျခံနေရစဉ် အေးနေဝင်းနှင့် ရင်းနှီးစွာစကား ပြောဖူးသည့် ဟံသာဝတီ ဦးဝင်း တင်က ပြောသည်။
ယင်းအနေဖြင့် မည်သူမည် ဝါဆိုသည်ထက် တခြားလူငယ် များကဲ့သို့ပင် ဦးနေဝင်း၏မြေးများ ဖြစ်သည့် ကျော်နေဝင်း၊အေးနေ ဝင်းနှင့် ဇွဲနေဝင်းတို့ကိုမြင်ကြောင်း၊ အင်းစိန်ထောင် အထူးတိုက်ကို ယင်းပြောင်းရွှေ့လာပြီးနောက်ပိုင်း ဦးနေဝင်း၏ မိသားစု နှင့် စတင် တွေ့ခဲ့ခြင်းဖြစ်ကြောင်း၊ သီးသန့် နေအိမ်များဖြင့် အကျဉ်းချထား ခြင်းဖြစ်သော်လည်း ၂၀၀၈ခုနှစ် နာဂစ်နောက်ပိုင်း တွင် နေအိမ် များပျက်စီးသွားသည့်နောက် အ ထူးတိုက်အတွင်း ဦးနေဝင်း၏မြေး များပြောင်းရွှေ့လာစဉ် ယင်းညီ အစ်ကို များနှင့်ပတ်သက်ပြီး ဟံ သာဝတီဦးဝင်းတင်က ပြောသည်။
ကျော်ဇေယျ(Yangon Media Group)