Headlines News :
Home » » နျူကလီးယားအရေး ဆွေးနွေးစဉ် အီရန်ပိတ်ဆို့မှုအသစ် အမေရိကန်ချမှတ်မည်မဟုတ်

နျူကလီးယားအရေး ဆွေးနွေးစဉ် အီရန်ပိတ်ဆို့မှုအသစ် အမေရိကန်ချမှတ်မည်မဟုတ်

Written By လွင့်မောင်မောင် on Wednesday, November 20, 2013 | 8:46 AM

အီရန်နျူကလီးယားအစီအစဉ် အဆုံးသတ်ဖို့ နိုင်ငံတကာ ညှိနှိုင်း ဆောင်ရွက်နေချိန်အတွင်း အီရန်ပေါ် နောက်ထပ် စီးပွားရေး ဒဏ်ခတ်မှုတွေလုပ်ဖို့ Congress လွှတ်တော်မှာ မဲခွဲမှာ မဟုတ်ဘူးလို့ အမေရိကန် ထိပ်တန်းလွှတ်တော်အမတ်တယောက်က ပြော လိုက်ပါတယ်။

ကျေးဇူးတော်နေ့ ရုံးပိတ်ရက်တွေ ပြီးသွားတဲ့အထိ ဒဏ်ခတ်မှုဥပဒေကြမ်းကို မဲခွဲမှာ မဟုတ်ဘူးလို့ အိမ်ဖြူတော်မှာ အရေးပါတဲ့ ဆွေးနွေးမှုတွေလုပ်ပြီး အထက်လွှတ်တော်အမတ် Bob Corker က သတင်းထောက်တွေကို ပြောကြား ခဲ့ပါတယ်။

သူအပါအဝင် အထက်လွှတ်တော် ဘဏ်လုပ်ငန်း၊ နိုင်ငံခြားဆက်ဆံရေး၊ ကာကွယ်ရေးနဲ့ ထောက်လှမ်းရေးကော်မတီ ခေါင်းဆောင်တွေဟာ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ အင်္ဂါနေ့ အစောပိုင်း က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အီရန်နဲ့ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့ကြား ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာလုပ်နေတဲ့ ဆွေးနွေးပွဲအကြောင်း နောက်ဆုံးအခြေအနေတွေကို သမ္မတက လွှတ်တော်ရေးရာကော်မတီ ခေါင်းဆောင်တွေကို အသိပေးခဲ့ပြီး သူ့အစိုးရက သံတမန်ရေးနည်းနဲ့ ဖြေရှင်းဖို့ အားထုတ် ကြိုးပမ်းနေတာကို ဆက်လုပ်သွားခွင့်ပေးဖို့ လွှတ်တော်ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။ 
ဗွီအိုအေ (မြန်မာပိုင်း)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template