Headlines News :
Home » » နေ​ပြည်​တော်​မှာ​လည်း ​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​လို​သူ ၈၈ ​ရာ​နှုန်း​ရှိ

နေ​ပြည်​တော်​မှာ​လည်း ​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​လို​သူ ၈၈ ​ရာ​နှုန်း​ရှိ

Written By လွင့်မောင်မောင် on Monday, November 18, 2013 | 10:33 PM

 
အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​က ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ဆိုင်​ရာ ​ပြည်​သူ့ ​ဆ​န္ဒ​သ​ဘော​ထား​ရ​ယူ​ရေး ​လူ​ထု ​ဟော​ပြော​ပွဲ​ကို ​ဒီ​က​နေ့ ​နေ​ပြည်​တော်​မှာ ​ပြု​လုပ်​ခဲ့​ကြ​ရာ ​လူ​ထု ၂ ​သောင်း​လောက် ​တက်​ရောက်​ပြီး ​အ​များ​စု​က ​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ရေး ​သ​ဘော​ထား​ပေး​ခဲ့​ကြ​ပါ​တယ်။

အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ ​အ​ဖွဲ့​ချုပ် ၂၀၀၈ ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ ​ဥ​ပ​ဒေ​ပြင်​ဆင်​ရေး ​လူ​ထု ​ဆ​န္ဒ​ခံ​ယူ​ပဲ ​အ​ခမ်း​အ​နား​ကို ​နိုဝင်​ဘာ​လ ၁၈ ​ရက်​နေ့ ​မ​နက်​က ​နေ​ပြည်​တော် ​ဇ​ဗ္ဗူ​သီ​ရိ​မြို့​နယ်၊ ​လက်​ပံ​ခါး​လှ​ကျေး​ရွာ​မှာ ​ပြု​လုပ်​ခဲ့​ပါ​တယ်။

Suu2 copy​လူ​ထု​ဆ​န္ဒ​ခံ​ယူ​ပွဲ​မှာ ​အ​ဖွဲ့​ချုပ်​ဥ​က္က​ဌ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ကိုယ်​တိုင်​တက်​ရောက်​ပြီး ​အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​ရဲ့ ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ ​ဥ​ပေ​ဒ​အ​ပေါ်​မှာ ​ထား​တဲ့ ​သ​ဘော​ထား​မူဝါ​ဒါ​တွေ​ကို ​ရှင်း​လင်း​ဟော​ကြား​ခဲ့​တယ်​လို့ ​ပြည်​သူ့​လွှတ်​တော် ​ကိုယ်​စား​လှယ်​ဦး​မင်း​သူ​က ​အ​ခု​လို ​ပြော​ပါ​တယ်။

“​ဖွဲ့​စည်း​ ပုံ​အ​ခြေ​ခံ ​ဥ​ပေ​ဒ​အ​ပေါ်​မှာ​ထား​တဲ့ ​သ​ဘော​ထား​မူဝါ​ဒါ​တွေ​ကို ​ဒေါ်​အောင်​ဆန်း​စု​ကြည် ​ရှင်း​ပြ​တဲ့​အ​ခါ​မှာ ​နိုင်​ငံ​တော် ​အာ​ဏာ​ဟာ ​ပြည်​သူ​အ​ပေါ်​က ​ဆင်း​သက်​လာ​ပြီး ​တ​နိုင်​ငံ​လုံး ​အ​ပေါ်​မှာ ​လွမ်း​ခြုံ​တယ်​ဆို​ပေ​မယ့် ​ပြည်​သူ​ရဲ့ ​ဆ​န္ဒ​နဲ့ ​မ​ဟုတ်​ဘဲ​နဲ့ ​တ​စုံ​တ​ဦး ​ဒါ​မှ​မ​ဟုတ် ​တ​ဦး​တ​ဖွဲ့ ​က​နေ​ပြီး ​အ​မိန့်​ပေး​ပြီး​မှ ​ပါဝင်​နေ​တဲ့ ​အ​ခန်​က​ဏ္ဍ​ကို​လည်း ​ထောက်​ပြ​ခဲ့​တယ်​ပေါ့​လေ။ ​အဲ​ဒါ​က ​အား​လုံ​သိ​တဲ့​အ​တိုင်း​ပဲ ​အ​နာ​ဂတ်​မြန်​မာ့​နိုင်​ငံ​ရေး ​ဦး​ဆောင်​မှု ​က​ဏ္ဍ​အ​တွက် ​တပ်​မ​တော်​က ​အ​စ​ဉ်​ဆ​စိုက် ​ပါဝင်​သွား​ရေး​ဆို​တာ​က ​ဒီ​မို​က​ရေ​စီ ​ပြည်​သူ့​ဆ​န္ဒ​နဲ့ ​လုံး​၀ ​ကိုက်​ညီ​မှု ​မ​ရှိ​တဲ့​အ​ကြောင်း ​ပြော​ရင်း​နဲ့ ​ဒီ​လို ​ပြော​တိုင်း​က ​တပ်​မ​တော်​အ​ပေါ်​မှာ ​ထိ​ခိုက်​နေ​တဲ့​အ​နေ​အ​ထား​တွေ​ကို ​တပ်​မ​တော်​သား​တွေ​က ​ခံ​စား​နေ​ရ​တယ်။ ​တပ်​မ​တော်​သား​တွေ​က ​အ​ဖွဲ့​ချုပ်​ပေါ် ​အ​မြင်​မ​ကြည်​ဖြစ်​နေ​တာ​ကို ​အ​ဓိ​က​ထား​ပြီး​တော့​မှ ​ဒီ​နေ့ ​ပြည်​သူ၊ ​တပ်​မ​တော်​အ​ပေါ်​မှာ ​သ​ဘော​ထား​ရှင်း​လင်း​တဲ့​ပွဲ​လို့​ပဲ ​ပြော​ရ​ရင် ​ပို​မှန်​ပါ​တယ်။ ”

 ဒါ့​အ​ပြင် ​အ​ဖွဲ့​ချုပ်​ဥ​က္က​ဌ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က​နေ​ပြီး ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပေ​ဒေ​နဲ့ ​ပတ်​သက်​ပြီး ​လူ​ထု​နဲ့ ​မေး​ဖြေ​မှု ​အ​စီ​အ​စ​ဉ်​ကို ​လည်း​ပြု​လုပ်​သွား​ပါ​တယ်။

အဲ​ဒီ​နောက် ​လူ​ထု ​သ​ဘော​ထား​ကောက်​ယူ​ရာ​မှာ ​တက်​ရောက်​သူ ​၂ ​သောင်း ​လောက်​ထဲ​က ၈၈ ​ရာ​ခိုင်း​နှုန်း​ဟာ ၂၀၀၈ ​ဖွဲ့​စည်း​ပုံ​ကို ​ပြင်​ဆင်​ဖို့ ​ဆ​န္ဒ​သ​ဘော​ထား ​ပေး​ခဲ့​ကြ​တယ်​လို့ ​ပါ​တီ​ရဲ့ ​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ရေး​ကော်​မ​တီဝင်ေ​ရှ့​နေ ​ဦး​အောင်​သိန်း​က ​ပြော​ပါ​တယ်။
အန်​အယ်​ဒီ ​အ​နေ​နဲ့ ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ဆိုင်​ရာ ​ပြည်​သူ့​ဆ​န္ဒ ​သ​ဘော​ထား​ရ​ယူ​ရေး ​အ​စီ​စ​ဉ်​အ​ရ ​တ​နိုင်​ငံ​လုံး​မှာ ​ဆ​န္ဒ​ကောက်​ခံ​မှု​တွေ​လုပ်​ရာ​မှာ ​အ​များ​သူ​တွေ​တွေ​က ​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ရေး​ကို​သာ ​ဆ​န္ဒ​မဲ​ပေး​တာ​နဲ့​ပတ်​သက်​ပြီးေ​ရှ့​နေ ​ဦး​အောင်​သိန်း​က ​အ​ခု​လို ​ပြော​ပါ​တယ်။

“​တ​နိုင်​ငံ​ လုံး​ကို ​ကျ​နော်​တို့ ​လှည့်​လည်​ပြီး​တော့ ​ပြော​ဆို​နေ​တဲ့​အ​ပိုင်း​က​တော့ ​ပြင်​ဆင်​ရေး​လိုင်​ပေါ့​ဗျာ၊ ​ပြင်​ဆင်​သင့်​တာ​တွေ​ကို ​ပြင်​ဆင်​ပေး​ဖို့​ဆို​ပြီး ​ကျ​နော်​တို့​က​တော့ ​တင်​ရ​တာ​ပေါ့​။ ​သို့​သော် ၁၀၉ ​ဦး​ကော်​မီ​တီ​က​လည်း ​ဘယ်​လို​တင်​မ​လဲ ​ဆို​တာ​ရှိ​သေး​တယ်​လေ။ ​အဲ​ဒီ​အ​ပေါ်​မှာ ​လွတ်​တော်​မှာ ​ဘယ်​လို​ဆောင်​ရွက်​ကြ​မ​လဲ​ဆို​တာ ​စောင့်​ကြည့်​ယုံ​ပဲ​ရှိ​တာ​ပေါ့​။ ​ကျ​နော်​တို့ ​အန်​အယ်​ဒီ​ရဲ့ ​သ​ဘာ​ထား​က​တော့ ​ပြင်​ဆင်​ရေး ​ပြင်​ဆင်​ရေး​ဆို​တာ​က ​ကျ​နော်​တို့ ​ဖွဲ့​စည်း​ပုံ ​အ​ခန်း ၁၂ ​မှာ​က​လည်း ​ပြင်​ဆင်​ခြင်း​ဆို​တဲ့ ​အ​ပုဒ်​ကို ​အ​ဓိ​က ​ဖော်​ပြ​ထား​တယ်။ ​အဲ​ဒီ​ပြင်​ဆင်​ခြင်း ​လမ်း​ကြောင်း​မှာ​ပဲ ​ကျ​နော်​တို့ ​ပြော​ကြ​ဆို​ကြ​တာ ​လူ​ထု​က​လည်း​ပဲ ​ပြင်​ဆင်​ခြင်း​ဆို​တဲ့ ​သ​ဘော​ထား​ကို ​ပို​ပြီး ​ပေး​တာ​တွေ့​ရ​ပါ​တယ်။”
ဦး​အောင်​သိန်း​ပြော​သွား​တာ​ပါ။

 အန်​အယ်လ်​ဒီ ​ပါ​တီ​ဟာ ၂၀၀၈ ​ဖွဲ့​စည်း​ပုံ​ကို ​ပြင်​ဆင်​မ​လား ​အ​သစ်​ရေး​ဆွဲ​မ​လား​ဆို​တာ​နဲ့​ပတ်​သက်​ပြီး ​လူ​ထု ​ဆ​န္ဒ​ခံ​ယူ​မှု​တွေ​ကို ​ပြီး​ခဲ့​တဲ့ ​လ​ဆန်း ​က​တည်း​က ​မြန်​မာ​နိုင်​ငံ​တ၀န်း ​လှည့်​လည်​ပြု​လုပ်​နေ​တာ​ပါ။

ကောက်​ခံ​ရ ​ရှိ​လာ​တဲ့ ​ပြည်​သူ့​ဆ​န္ဒ​သ​ဘော​ထား​ကို ​စု​စည်း​ပြီး ​လွှတ်​တော်​က​ဖွဲ့​စည်း​ပေး​ထား​တဲ့ ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​လေ့​လာ​သုံး​သပ်​ရေး ​ပူး​ပေါင်း​ကော်​မ​တီ​ဆီ​ပေး​ပို့​မှာ​ဖြစ်​ပါ​တယ်။

By နော်​နို​ရင်း​(​ဒီ​ဗွီ​ဘီ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template