Headlines News :
Home » » ဖူကူရှီးမားစက်ရုံမှ အန္တရာယ်များသော လောင်စာချောင်းများ ပြန်လည်ထုတ်ယူပြီ

ဖူကူရှီးမားစက်ရုံမှ အန္တရာယ်များသော လောင်စာချောင်းများ ပြန်လည်ထုတ်ယူပြီ

Written By လွင့်မောင်မောင် on Tuesday, November 19, 2013 | 8:21 PM

 
ဖူကူရှီးမားလျှပ်စစ်ဓာတ် အားပေးစက်ရုံမှ အခက်အခဲဆုံးနှင့် အန္တရာယ်အများဆုံးလုပ်ငန်းဖြစ် သော ယူရေနီယမ်နှင့် ယူတိုနီ ယမ်လောင်စာချောင်းများ ထုတ် ယူရေးလုပ်ငန်းကို Tepco မှ နျူ ကလီးယားအင်ဂျင်နီယာများ စတင်ပြင်ဆင်နေကြောင်း သိရ သည်။

သဘာဝဘေးကြောင့် ပျက် စီးသွားခဲ့ရသော ဓာတ်ပေါင်းဖို သုံးခုမှ လောင်စာချောင်းများ ထုတ်ယူမှုကို တနင်္လာနေ့တွင် စတင်မည်ဟု သိရသည်။ ဖူကူ ရှီးမားဓာတ်ပေါင်းဖိုသိုလှောင်ကန် ထဲတွင် လောင်စာချောင်း ၁၅၀၀ ကျော်ရှိနေပြီး နှစ်ရက်အတွင်း လောင်စာချောင်း ၂၂ချောင်း ထုတ်ယူနိုင်လိမ့်မည်ဟု ကုမ္ပဏီ မှ မျှော်လင့်ထားပြီး လုပ်ငန်းစဉ် ကြီးတစ်ခုလုံးအတွက် တစ်နှစ် ကျော် ကြာမည်ဟု သိရသည်။

အဝေးထိန်းစနစ်ဝန်ချီစက် ဖြင့် ကန်အတွင်းသို့ လှမ်း၍ လောင်စာချောင်းများကို ကုပ်ယူ သယ်မပြီး ၉၁တန်ရှိသော စည် အတွင်း ထည့်၍ နောက်တွဲယာဉ် ဖြင့် မီတာ ၁၀ဝခန့်ဝေးသော သိုလှောင်ကန်သို့ ပြောင်းရွှေ့ပေး မည်ဟု သိရသည်။လုပ်ငန်းလုပ်ဆောင်နေ စဉ် နမော်နမဲ့ကိစ္စသည် အခြေ အနေကို လျင်မြန်စွာ ဆိုးရွား သွားနိုင်ကြောင်းလည်း ကျွမ်း ကျင်သူများက ပြောထားကြ သည်။

ဖူကူရှီးမားစက်ရုံအား လုံးဝ အပြည့်အစုံ ပိတ်သိမ်းရေးလုပ် ငန်းမှာ ဆယ်စုနှစ်များစွာ ကြာ နိုင်ကြောင်းလည်း သိရသည်။ အနီးအနားမြို့နှင့် ရွာများတွင် လူသူကင်းရှင်းနေပြီး ဓာတ်ရောင် ခြည် သက်ရောက်မည်ကို စိုးရိမ် မှုရှိ၍ မည်သူမျှ ပြန်နေထိုင်လို သည့်ဆန္ဒမရှိကြကြောင်း သိရ သည်။

[ တိုကျို ၊ နိုဝင်ဘာ ၁၈ ၊ Ref-AFP/ ACSP ]
Yangon Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template