Headlines News :
Home » » နမ်​လင်း​ပါ ​တိုက်​ပွဲ​ကြောင့် ​ရွာ​သား​များ ​တော​တောင်​ထဲ ​ခို​အောင်း​နေ​ရ

နမ်​လင်း​ပါ ​တိုက်​ပွဲ​ကြောင့် ​ရွာ​သား​များ ​တော​တောင်​ထဲ ​ခို​အောင်း​နေ​ရ

Written By လွင့်မောင်မောင် on Monday, November 18, 2013 | 10:37 PM

 
က​ချင်​ပြည်​နယ် ​မန်​စီ​မြို့​နယ် ​နမ်​လင်း​ပါ​ရွာ​အ​နီး ​နိုဝင်​ဘာ ၁၇ ​ရက် ​အ​စိုး​ရ​တပ်​နဲ့ ​က​ချင် ​လွတ်​မြောက်​ရေး​တပ်​မ​တော် (​ကေ​အိုင်​အေ ​ရဲ့ ​ပြင်း​ထန်​တဲ့ ​တိုက်​ပွဲ​တွေ​ကြောင့် ​တော​တောင်​တွေ​ထဲ​ကို ​ထွက်​ပြေး​တိမ်းေ​ရှာင်​နေ​ရ​တဲ့ ​ဒု​က္ခ​သည်​တွေ ​ထောင်​ချီ​ရှိ​နေ​ပါ​တယ်။

မြစ်​ကြီး​နား​မှာ ​ကျင်း​ပ​ခဲ့​တဲ့ ​အ​စိုး​ရ​နဲ့ ​ကေ​အိုင်​အေ​အ​ကြား ​ငြိမ်း​ချမ်း​ရေး ​ဆွေး​နွေး​ပွဲ​နောက်​ပိုင်း​မှာ ​အ​စိုး​ရ​နဲ့ ​ကေ​အိုင်​အေ​တပ်​တွေ​အ​ကြား ​ပြင်း​ထန်​တဲ့ ​တိုက်​ပွဲ​တွေ​ကြောင့် ​နမ်​လင်း​ပါ​ရွာ​နဲ့ ​အ​နီး​က ​ပြည်​တွင်းေ​ရွှ့​ပြောင်း​ဒု​က္ခ​သည် ​စ​ခန်း​က ​ထောင်​ချီ​တဲ့ ​ဒု​က္ခ​သည်​တွေ​ဟာ ​ဆောင်း​ဒဏ်​ကို ​အံ​တု​ရင်း ​တော​တောင်​တွေ​ထဲ​မှာ ​ခို​အောင်း​နေ​ကြ​ရ​တယ်​လို့ ​က​ချင်​ဒု​က္ခ​သည် ​ကယ်​ဆယ်​ရေး ​အ​ဖွဲ့​တွေ​က ​ပြော​ပါ​တယ်။

နိုဝင်​ဘာ ၁၇ ​ရက်​နေ့​က ​တိုက်​ပွဲ​တွေ ​အ​ပြင်း​အ​ထန်​ဖြစ်​ပွား​ခဲ့​တဲ့​အ​တွက် ​ရွာ​ထဲ​မှာ ​ပိတ်​မိ​နေ​တဲ့ ​ရွာ​သား ၂၀၀ ​လောက်​အ​ပါ​အ၀င် ​ထွက်​ပြေး​တိမ်းေ​ရှာက်​နေ​သူ​ပေါင်း ​ထောင်​နဲ့ ​ချီ​ရှိ​တယ်​လို့ ​ဒု​က္ခ​သည် ​အ​ကူ​အ​ညီ​ပေး​ရေး ​လုပ်​ဆောင်​နေ​တဲ့ ၀ိန်​ပေါင်​နိန်း​တွဲ ​အ​ဖွဲ့​က ​ဒေါ်​မေ​ရီ​တွမ်​က ​ခန့်​မှန်း​ပြော​ဆို​ပါ​တယ်။

“​နမ်​ လင်း​ပါ​မှာ​က ​မ​နေ့​က ​ည​ပိုင်း ၉ ​နာ​ရီ​လောက်​အ​ထိ ​တိုက်​ကြ​သေး​တယ်​လို့ ​ပြော​တယ်။ ​ဒါ​ပေ​မယ့် ​နောက်​ဆုံး ​ကျ​မ​တို့ ​ပြန်​ကြား​ရ​သ​လောက်​က​တော့ ​အဲ​ဒီ​မှာ​လည်း ၂၀၀ ​လောက်​ရှိ​နေ​သေး​တယ်။ ​အဲ​ဒီ​လူ​တွေ​အ​ကုန်​လုံး​က ​ထွက်​ပြေး​တယ်​လို့ ​ပြော​တယ်။ ​အဲ​ဒီ​တော့ ၃ ​ထောင် ​ပတ်ဝန်း​ကျင်​လောက် ​ဖြစ်​မယ်​ဆို​ပြီး​တော့ ​ပြော​တယ်​ပေါ့​။ ​အ​ခု ​ကျ​မ​တို့ ​စာ​ရင်း​တွေ​က​တော့ ​အ​ကုန် ​ကောက်​နေ​တယ် ​မ​ရ​သေး​ဘူး​ပေါ့​။ ​အ​ခု​မှ ​တ​ဖြည်း​ဖြည်း ​တ​ဖွဲ​ဖွဲ​ရောက်​လာ​တယ်။”

 ရွာ​သား​တွေ​က​တော့ ​လ​ဂတ်​ယန်​နဲ့ ​ဗန်း​မော်​ကို ​ထွက်​ပြေး​ကြ​သ​လို ​တ​ချို့​က ​လမ်း​ပေါ်​မှာ ​ရှိ​နေ​ဆဲ ​ဖြစ်​ပြီး ​တ​ချို့​က​လည်း ​လယ်​ယာ ​ခြံ​ထွက် ​သီး​နှံ​တွေ​ကို ​ရိတ်​သိမ်း​နိုင်​ဖို့ ​အ​တွက် ​အ​ခွင့်​အ​ရေး​ကို ​စောင့်​ရင်း ​အ​နီး​အ​နား​မှာ ​ခို​လှုံ​နေ​တယ်​လို့ ​ဆို​ပါ​တယ်။

အ​စိုး​ရ ​သ​တင်း​စာ​တွေ​က​တော့ ​ဒီ​နေ​ရာ​မှာ ​သစ်​ခိုး​ထုတ်​တဲ့​သူ​တွေ​ကို ​လိုက်​လံ​ရှင်း​လင်း​ရင်း ​တိုက်​ပွဲ ​ဖြစ်​နေ​တာ ​ဖြစ်​တယ်​လို့ ​ထုတ်​ပြန်​ခဲ့​ဖူး​ပါ​တယ်။

က​ချင် ​ငြိမ်း​ချမ်း​ရေး ​ကွန်​ရက်​က ​မ​ခွန်​ဂျာ​က​တော့ ​ဒီ​တိုက်​ပွဲ​တွေ ​ဖြစ်​ပွား​ရ​တာ​ဟာ ​ငြိမ်း​ချမ်း​ရေး​ကို ​ထိ​ခိုက်​နိုင်​တယ်​လို့ ​အ​ခု​လို ​မှတ်​ချက်​ပေး​ပြော​ဆို​ပါ​တယ်။

“​သစ်​မှောင်​ခို​လမ်း​ ကြောင်း​ကို ​ရှင်း​လင်း​တယ်​ဆို​ရင်​လည်း ​ဒီ​သစ်​တွေ ​အ​ကုန်​လုံး​က ​စစ်​ကိုင်း​တိုင်း​က ​လာ​တာ​ဖြစ်​တဲ့​အ​တွက် ​စစ်​ကိုင်း​တိုင်း​ကို ​ပိတ်​သင့်​တယ်။ ​ဒီ​မှာ​လာ​ပြီး​တော့ ​လုပ်​စ​ရာ ​မ​လို​ဘူး​။ ​အ​ခု​တော့ ​တ​မင်​သက်​သက် ​ဒီ​ငြိမ်း​ချမ်း​ရေး ​ဖြစ်​စ​ဉ်​ကို ​ပျက်​ပြား​အောင် ​လုပ်​နေ​တယ်​လို့​ပဲ ​ယူ​ဆ​တယ်။”

၂၀၁၁ ​က ​အ​စိုး​ရ​နဲ့ ​ကေ​အိုင်​အေ​တို့​ရဲ့ ​တိုက်​ပွဲ​တွေ​ကြောင့် ​သိန်း​နဲ့​ချီ​တဲ့ ​က​ချင် ​စစ်​ပြေး ​ဒု​က္ခ​သည်​တွေ​ဟာ ​မြစ်​ကြီး​နား​၊ ​လိုင်​ဇာ​နဲ့ ​တ​ရုတ်​မြန်​မာ​နယ်​စပ်​တွေ​မှာ ​ခို​လှုံ​နေ​ရ​ပါ​တယ်။

By ​ဒီ​ဗွီ​ဘီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template