လွှတ်တော်အမတ်တွေဟာ မြို့နယ် ၁ မြို့နယ်စီအတွက်
ချထားပေးတဲ့ ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် သိန်း ၁
ထောင်စီကို စ ပြီး သုံးနိုင်ပြီလို့ အန်အယ်လ်ဒီပါတီက
အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဥာဏစိုးက ပြောပါတယ်။
ပြီး
ခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့ လွှတ်တော် အစည်းအဝေးပွဲတွေအပြီး
ကျပ် သိန်း ၁ ထောင်စီ သုံးစွဲရမယ့် လုပ်ထုံးလုပ်နည်းတွေကို
ထုတ်ပြန်ပေးလိုက်တဲ့အတွက် ခုလို စပြီး
အသုံးပြုနိုင်တာလို့ သူက ပြောပါတယ်။
ဒေသဖွံ့ဖြိုးရေး
ရန်ပုံငွေအတွက် ချထားပေးတဲ့ ၁ မြို့နယ် ကျပ် သိန်း ၁
ထောင်ကို အဲဒီ မြို့နယ်က ပြည်သူ့လွှတ်တော်အမတ်၊
အမျိုးသားလွှတ်တော်အမတ်၊ တိုင်းဒေသကြီး ဒါမှမဟုတ်
ပြည်နယ်လွှတ်တော်အမတ် ၂ ယောက် စုစုပေါင်း ၄ ယောက်
ညှိနှိုင်းတိုင်ပင်ပြီး စာကြည့်တိုက် တည်ထောင်တာ၊
စာသင်ကျောင်း ပြုပြင်တာနဲ့ လမ်းတံတား ပြုပြင်တာတွေမှာ
အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
လုပ်ငန်း ၁ ခုစီအတွက်
ကျပ်ငွေ သိန်း ၅၀ ထက် မပိုအောင် သုံးစွဲရမှာ ဖြစ်ပြီး
လာမယ့် ၂၀၁၄ မတ်လကုန်အထိ ဒီ ချပေးတဲ့ ငွေကျပ် သိန်း ၁
ထောင်ကို သုံးစွဲနိုင်ကြောင်း လုပ်ထုံးလုပ်နည်းထဲမှာ
ဖော်ပြထားပါတယ်။
By ဒီဗွီဘီ