Headlines News :
Home » » AK-47 သေနတ် ကို တီထွင် ခဲ့ သူ အသက် ၉၄ နှစ် မှာ ကွယ်လွန်

AK-47 သေနတ် ကို တီထွင် ခဲ့ သူ အသက် ၉၄ နှစ် မှာ ကွယ်လွန်

Written By လွင့်မောင်မောင် on Tuesday, December 24, 2013 | 5:20 PM

 kal_2153485b
ငှက်ပျောသီး ပုံစံ ကျဉ်ကပ် ကွေးကွေး လေးကြောင့် လူသိများ ခဲ့ တဲ့ AK-47 သေနတ်
ကို တီထွင် ခဲ့ တဲ့ ရုရှား လူမျိုး မီခေလ်း ကလက်ရှ် နီကောဗ် ဟာ အသက် ၉၄ နှစ် အရွယ်
မှာ ကွယ်လွန် သွား ပြီ လို့  ကရင်မလင် က သတင်း ထုတ် ပြန် ပါတယ်။
ဒုတိယ ကမ္ဘာ စစ် အတွင်း ရုရှား တင့်ကားတပ် ရဲ့  တပ်မှုး အဖြစ် တာဝန်ထမ်းဆောင်စဉ် က
တည်းက ကလက်ရှ် နီကောဗ် ဟာ AK 47 ကို တည်ထွင် ခဲ့ တာ ဖြစ် ပြီး ၁၉၄၇ ခုနှစ် မှာ သေနတ်
အဖြစ် စတင် ထုတ် လုပ် က ရုရှား စစ်သား တွေ စတင် အသုံး ပြု ခဲ့ ပါတယ်။
၁၉၅၀ ပြည့်လွန် နှစ် မှာ အေကေ သေနတ် ဟာ အာဖရိက တိုက် နိုင်ငံ တွေ က ပြည်တွင်းစစ်ပွဲ
တွေ ဆီ ကို ရောက် ရှိ သွား ပြီး ဆိုဗီယက် နိုင်ငံ တွေ က တစ်ဆင့် အာဖဂန် နစ္စတန် ၊ ပါကစ္စတန်
နိုင်ငံ တွေ ဆီ ကို လည်း ပျံ့  နှံ့ သွား ပါတယ်။
ရိုးရှင်း ပြီး ပစ်ရလွယ် ကူ တဲ့ AK 47 သေနတ် ကို တောင်အမေရိကတိုက် က ပျောက်ကြား သူပုန်
တွေ က စလို့  အကြမ်းဖက် သမား တွေ အထိ ကိုင် တွယ် အသုံး ပြု ကြ ပါတယ်။ အာဖရိက တိုက်
နိုင်ငံ တွေ မှာ ဆို ရင် ဒီသေနတ် ကို ကလေးစစ်သား တွေ က အစ ကျွမ်းကျင် စွာ ကိုင်တွယ် အသုံး
ပြု ကြ ပါတယ်။
တစ်ချို့  က တော့ AK 47 သေနတ် ကို သူတို့  အဖွဲ့  အစည်း အရဲ့  အလံ မှာ ပါ ထည့် သွင်း အသုံး
ပြု ထား ကြ ပါတယ်။  အာဖရိက တိုက် မိုဇမ်ဘစ် နိုင်ငံ ရဲ့  အလံ မှာ AK 47 ကို ထည့်သွင်း ထား ပါတယ်။
ရုရှား သမ္မတ ပူတင် က ကလက်ရှ်နီကောဗ် ကွယ်လွန် တဲ့ အတွက် ၀မ်းနည်းကြောင်း ထုတ်
ဖော် ပြောကြား ခဲ့ ပါတယ်။
၂၀၀၉ ခုနှစ် မှာ ရုရှား သမ္မတ မက်ဒီဗက် က ကလက်ရှ်နီကောဗ် ကို ရုရှား နိုင်ငံ ရဲ့  သူရဲကောင်းဆု ပေးအပ်
ချီးမြှင့် ခဲ့ ပါတယ်။ AK 47 သေနတ် ကို အခြား နိုင်ငံ တွေ ကးဒီဇိုင်း တုပ ယူပြီး လိုက်လံ ထုတ် လုပ် ပါတယ်။
ပိုလန် ၊ တောင်ကိုရီးယား ၊တရုတ် နဲ့  အိန္ဒိယ တို့  ဟာ AK 47 သေနတ် ကို ထပ် ဆင့် ထုတ် လုပ် တဲ့
နိုင်ငံ တွေ ဖြစ်  ပါတယ်။
CNN သတင်းဌာန နဲ့  ၂၀၀၉ ခုနှစ် က အင်တာဗျုးစဉ် မှာ ကလက်ရှ်နီကောဗ် က ” ဒီသေနတ် ဟာ ရိုးရှင်းပြီး ပစ်ရ
လွယ် ကူတယ် ၊ အဖ နိုင်ငံ ကို ကာကွယ် ဖို့  အတွက် ထုတ် လုပ် တာ လို့  ” ပြော ပါတယ်။
ရုရှား နိုင်ငံ လုပ် AK 47 ဟာ အက်ပဲလ် ကုမ္ပဏီ ရဲ့  အိုင်ဖုန်း ရောင်းချ ရမှု ထက် အဆ ငါးရာ ကျော် ဈေးကွက်
မှာ ရောင်းချ ထား ပြီး ဖြစ် ပါတယ်။
ak47_04ak47_06Kalashnikov_6frabz-so-youre-telling-me-in-your-country-no-kids-my-age-own-a-ak47-73406a

FNG မှ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template