Headlines News :
Home » , » » တည်းခိုခန်းအတွင်း တည်းနေသည့် အမျိုးသမီးနှစ်ဦးကို ရိုက်နှက်ငွေလုကာ တိုက်လေးလွှာမှခုန်ချခိုင်း

» တည်းခိုခန်းအတွင်း တည်းနေသည့် အမျိုးသမီးနှစ်ဦးကို ရိုက်နှက်ငွေလုကာ တိုက်လေးလွှာမှခုန်ချခိုင်း

Written By လွင့်မောင်မောင် on Tuesday, December 24, 2013 | 4:44 PM

ရန်ကုန်-တည်းခိုခန်းတစ်ခုတွင် တည်းနေသည့် အမျိုးသမီးနှစ်ဦးကို အခြားအခန်းနေ အမျိုးသားတစ်ဦးက ရိုက်နှက်ငွေလုကာ လေးလွှာအမြင့်မှ ခုန်ချခိုင်းခဲ့ကြောင်း သတင်းရရှိသည်။

မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်လမ်းပေါ်တွင်ရှိသည့် စကားဝါမြေတည်းခိုခန်း လေးလွှာ၌တည်းနေသော အမျိုးသမီးနှစ်ဦး၏ အခန်းတံခါးကို အမျိုးသားတစ်ဦးက တံခါးခေါက်၍ ၀င်လာခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ထို့နောက် ယင်းအမျိုးသားက အသင့်ပါလာသည့် ငရုတ်ကျည်ပွေ့ဖြင့် အဆိုပါအမျိုးသမီးနှစ်ဦးကို ထုနှက်ကာ ငွေလုယူပြီး လေးလွှာပြတင်းပေါက်မှ ခုန်ချခိုင်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

“တည်းခိုခန်းရဲ့ လုံခြုံရေးလိုအပ်ချက်ဖြစ်မယ်ထင်တယ်။ ငွေလုတဲ့လူက လုထားတဲ့ငွေကို အ၀တ်နဲ့ထုပ်ပြီး သူ့အခန်းမှာထားခဲ့တယ်။ သူက ရပ်ကွက်ထဲက နောက်တည်းခိုခန်းတစ်ခုမှာ သွားထပ်တည်းနေတာကို ကျွန်တော်တို့ရှေ့မှာတင် ဖမ်းလိုက်တာပါ”ဟု ယင်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားကြီးတစ်ဦးကပြောသည်။

ပြတင်းပေါက်မှ ခုန်ချခဲ့ရသည့် အမျိုးသမီးနှစ်ဦးသည် တည်းခိုခန်းအနောက်ဘက်မြေပြင်သို့ ပြုတ်ကျခဲ့သောကြောင့် ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာများရရှိ၍ အင်းစိန်ဆေးရုံသို့ တင်ပို့ခဲ့ရသည်။

အလုခံရသည့် အမျိုးသမီးနှစ်ဦးသည် ယောက်မတော်စပ်ကာ ၎င်းတို့နှစ်ဦးအနက် တစ်ဦး၏အမျိုးသားဖြစ်သူသည် ယင်းတည်းခိုခန်း အခြားတစ်ခန်း၌ သတ်သတ်တည်းခိုနေခြင်းဖြစ်သည်။ အမျိုးသမီးနှစ်ဦးနှင့် အခြားအခန်း၌ တည်းခိုနေသူတို့သည် ငပုတောမြို့နယ်မှ ဘုရင့်နောင်ပွဲရုံသို့ လာရောက်လာ ငါးခြောက်ရောင်းကြခြင်းဖြစ်သည်။

ထို့ကြောင့် ရိုက်နှက်ကာ ငွေလု၍ ခုန်ချခိုင်းသည့် အမျိုးသားကို လုယက်မှုကျူးလွန်၍ နာကျင်စေသည့် ပြစ်မှုဆိုင်ရာ ပုဒ်မ-၃၉၄ ဖြင့် အမှုဖွင့်ကာ လုယက်မှုဖြစ်ပွားပြီး တစ်နာရီအတွင်း ဖမ်းဆီးမိကြောင်း ဘုရင့်နောင်နယ်မြေ ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။

7Day News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template