လူထု လှုပ်ရှား မှု တွေ မှာ သြဇာ အရှိန်အ၀ါ ကြီးမား လှတဲ့ ၈၈ မျိုးဆက် ကျောင်းသား
တွေ က ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ဆန္ဒပြ တောင်း ဆို မှု လုပ်မယ်
လို့  ပြောလိုက် ပါပြီ။
၂၀၁၄ ခုနှစ် ဇန်န၀ါရီလ လေး ရက်နေ့  ၊ မြန်မာ နိုင်ငံ လွတ်လပ်ရေး နေ့  မှာ ရန်ကုန် မြို့ 
မြို့  တော် ခန်းမ ရှေ့  မှာ ကျင်းပ မယ်လို့  ဆို ပါတယ်။ ကော့သောင်း ၊ မန္တလေး ၊ မကွေး
စတဲ့ မြို့  ကြီး တွေ က ၈၈ မျိုးဆက် ကျောင်း သား တွေ က လည်း ပြည်သူ တွေ နဲ့  အတူ
ပုဒ်မ
၁၈ ဖျက်သိမ်းပေး ရေး နဲ့  ၅၉(ဃ) ၊၅၉ (စ)တို့  လို မျိုး တွေ ကို ပြင် ဖို့  တောင်းဆို
ဆန္ဒ ပြမှာဖြစ် ပါတယ်။
” ၈၈ မျိုးဆက် ကျောင်းသား တွေ နဲ့  အရပ်ဘက် အဖွဲ့  အစည်း တွေ က ခု လို ဆန္ဒ ပြ ပေမယ့်
NLD ပါတီ က တော့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ၊ လေးပွင့် ဆိုင် တွေ့ ဆုံ ဆွေးနွေး ရေး တွေ
အတွက် ပိုပြီး ဖိအောင်ဖြစ်အောင် လူထု လှုပ်ရှား မှု တွေ ကို ဘာတစ်ခု မှ မယ်မယ်ရရ မလုပ်
သေးဘူး ၊ ၁၉၉၈ ခုနှစ် ခုနှစ် တုန်း ကလည်း ရက်ပေါင်း ၆၀ အတွင်း လွှတ်တော် ခေါ်ယူဖို့ 
တောင်းဆို ခဲ့ ပေမယ့် NLD က နေ ဦးဆောင် လှုပ်ရှားတာ ဘာ တစ်ခု မှ မရှိ ခဲ့ဘူး လို့ 
၉၆ ၊ ၉၈ မျိုးဆက် ကျောင်းသား တစ်ဦး က ထောက် ပြပါတယ်။
၂၀၀၇ခုနှစ် မှာ လောင်စာဆီ ဈေးနှုန်း တွေ တက် တော့ ၈၈ မျိုးဆက် ကျောင်း သား တွေ က ပဲ
ဦးဆောင်ပြီး လမ်းလျှောက် ဆန္ဒ ပြခဲ့ တာကြောင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ပေါ်
ပေါက် ခဲ့ ပါတယ်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ၈၈ အဖွဲ့လည်း ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ လေး ရက်နေ့ မှာ ဆန္ဒပြမည်ဖြစ်ကြောင်းသတင်းရရှိထားသည်။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က တော့ ” အခြေခံ ဥပဒေ ပြင်ဆင်
ရေး အတွက် လူထု ကို စည်းရုံးလှုံဆော် မှု တွေ ကို မြန်မာ နိုင်ငံ အနယ်နယ် အရပ်ရပ် မှာ
စတင် နေ ပြီး ဒီအပတ် အတွင်း ချင်း ပြည်နယ် ကို ခရီးထွက် မှာ ဖြစ် ပါတယ်။
FNG