မြန်မာက ထိုင်းကို ပို့တဲ့ "ဂက်စ်" ခေတ္တရပ်မှာ ထိုင်းလုပ်ငန်းရှင်တွေ စိုးရိမ်နေ
ရတနာ သဘာဝ ဓာတ်ငွေ့တူးဖော်ရေး ကမ်းလွန် လုပ်ကွက် (ဓာတ်ပုံ – မြန်မာ့ အလင်း)
အခု တလော ထိုင်း
နိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်နေချိန်နဲ့ တပြိုင်နက်
ထိုင်းစီးပွားရေးသမားတွေ အတွက် စိုးရိမ်စရာဖြစ်တာကတော့ မြန်မာက ထိုင်းကို
တင်ပို့နေတဲ့ သဘာဝ ဓာတ်ငွေ့ ( ဂက်စ်) တင်ပို့ တာကို ခဏ နားမယ်ဆိုတဲ့
ကိစ္စပါဘဲ။
ဒီကိစ္စနဲ့ပတ်သက်ပြီး
ထိုင်းသတင်းတွေမှာလည်း အတော်ပွဲဆူနေပါပြီ။ ဧရာဝတီ မြန်မာပိုင်း
စာမျက်နှာမှာ ဒီ အကြောင်း သတင်းထောက် သန်းထိုက်ဦး ရေးသားတင်ပြထားတဲ့ ထိုင်းသို့ သဘာဝ ဓာတ်ငွေ့ပေး ပို့မှု
ခေတ္တရပ်ထားမည် (http://burma.irrawaddy.org/business/2013/12/24/52632.html) ဆိုတဲ့ သတင်း မှာ အပြည့်အစုံ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှတဆင့် ထိုင်းနိုင်ငံသို့ သဘာဝ ဓာတ်ငွေ့ ပေးပို့
ရောင်းချခြင်းကို ၁၅ ရက်ကြာ ခေတ္တ ရပ်ဆိုင်း မည်ဖြစ်ရာ လျှပ်စစ်မီး
ပြတ်တောက်မှုကြောင့် လုပ်ငန်းများ ရပ်ဆိုင်းမည်ကို
ထိုင်းစီးပွားရေးသမားများက စိုးရိမ်နေကြကြောင်း သိရသည်။
မြန်မာအစိုးရက လာမည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁ ရက်မှ စတင်ပြီး ၁၅
ရက်နေ့အထိ ထိုင်းနိုင်ငံသို့ သဘာဝ ဓာတ်ငွေ့ပေးပို့မှုများကို
ခေတ္တရပ်ဆိုင်းရန် စီစဉ်ထားခြင်း ဖြစ်သည်။
ဧရာဝတီ