Headlines News :
Home » » ဖေဖော်ဝါရီ ထိုင်းရွေးကောက်ပွဲ အတိုက်အခံ သပိတ်မှောက်

ဖေဖော်ဝါရီ ထိုင်းရွေးကောက်ပွဲ အတိုက်အခံ သပိတ်မှောက်

Written By လွင့်မောင်မောင် on Sunday, December 22, 2013 | 11:32 AM

လာမယ့် ဖေဖော်ဝါရီလ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ ကြေညာလိုက်တဲ့ ထိုင်းအတိုက်အခံပါတီခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း Abhisit Vejjajiva
ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီလကျရင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီက ကြေညာလိုက်ပါတယ်။

ပါတီခေါင်းဆောင်၊ ၀န်ကြီးချုပ်ဟောင်း အဘီဆစ် ၀ိချာချီဝ (Abhisit Vejjajiva) က ပါတီထိပ်တန်းခေါင်းဆောင်တွေနဲ့ အစည်းအဝေး ပြုလုပ်ပြီးတဲ့နောက် စနေနေ့မှာ အခုလိုကြေညာလိုက်တာဖြစ်ပါတယ်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို အကောင်အထည်ဖော် လုပ်ဆောင်ရေး သေချာစေဖို့ ကြိုးစားတဲ့အနေနဲ့ ဒီလိုဆုံးဖြတ်တာ ဖြစ်တယ်လို့ မစ္စတာအဘီဆစ်က ပြောပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ ရွေးကောက်ပွဲတွေမတိုင်ခင် ၀န်ကြီးချုပ်ယင်းလတ် ရှင်နာဝပ် (Yingluck Shinawatra) နုတ်ထွက်ပြီး ရွေးကောက် တင်မြှောက်ထားတာမဟုတ်တဲ့ ပြည်သူ့ကောင်စီကို အာဏာလွှဲပြောင်းပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြတာပါ။

နိုင်ငံရေးအခြေအနေတင်းမာနေတာ လျော့သွားစေဖို့အတွက် ၀န်ကြီးချုပ် ယင်းလတ်က ဒီဇင်ဘာလ ၉ ရက်နေ့မှာ လွှတ်တော်ကို ဖျက်သိမ်းပေးခဲ့ပြီး ရွေးကောက်ပွဲအသစ် ကျင်းပပေးဖို့ ကြေညာခဲ့တာပါ။

ဒါပေမဲ့လည်း သူ့ကို ဆန့်ကျင်ကန့်ကွက်နေသူတွေကတော့ အားကောင်းနေဆဲ ဖြစ်ပြီး တနင်္ဂနွေနေ့မှာ လူထုဆန္ဒပြပွဲကြီး တစ်ခု လုပ်ဖို့ရှိပါတယ်။ 
ဗွီအိုအေ (မြန်မာဌာန)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template