Headlines News :
Home » » မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ် လုံခြုံရေးအရ နေ့တစ်ဝက်ပိတ်မည်

မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ် လုံခြုံရေးအရ နေ့တစ်ဝက်ပိတ်မည်

Written By လွင့်မောင်မောင် on Sunday, December 22, 2013 | 10:28 PM

 
ကလေး၊ ဒီဇင်ဘာ ၂၁

မြန်မာ-အိန္ဒိယ နယ်စပ်အရေးကိစ္စနှင့် ပတ်သက်၍ ဒေသခံ လူငယ်များ ဆန္ဒထုတ်ဖော်မည့် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ယင်းနယ်စပ် ဝင်ပေါက်ဂိတ်ကို လုံခြုံရေးအရ နေ့တစ်ဝက် ပိတ်သွားမည် ဖြစ်ကြောင်း တမူးခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇောလင်းက ပြောကြားသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့က ယင်းကော်မတီ အစည်းအဝေး ခန်းမတွင် ပြုလုပ်သော နယ်စပ်အရေး ကိစ္စနှင့် ပတ်သက်၍ ဒေသခံများအား ရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်ပြီး လာမည့် ၂၃ ရက်နေ့တွင် ပြုလုပ်မည့် ခရိုင်အဆင့် အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

နှစ်နိုင်ငံ သဘောတူညီမှု မရရှိသေးသော နယ်စပ် နယ်နိမိတ် ကျောက်တိုင် အမှတ် ၇၈ အနီးတွင် စစ်ဆေးရေး ဂိတ်တစ်ခု တည်ဆောက်ရန် အိန္ဒိယ နိုင်ငံဘက်မှ မြေနေရာ ပြုပြင်နေမှုနှင့် ပတ်သက်၍ နှစ်ဖက် အစိုးရ ဖြေရှင်းပေးရန်အတွက် တမူးလူငယ် ကွန်ရက်မှ ဦးဆောင်ကာ ဆန္ဒထုတ်ဖော်မည် ဖြစ်ပြီး နယ်စပ်ခြံစည်းရိုးမှ တမူးမြို့လယ်ရှိ ကဘော်ချိုင့်ဝှမ်း မြို့တော် ဆိုင်းဘုတ်ထိ စီတန်း လှည့်လည်ကြမည် ဖြစ်ကြောင်း အဆိုပါ ကွန်ရက်မှ ဦးယဉ်ကိုဦးက ပြောသည်။

“ဒီဘက်ကနေ ဟိုဘက်ကို အလုပ်သွားလုပ်မယ့် သူတွေ အတွက်တော့ အနည်းငယ် ကသိကအောက် ဖြစ်နိုင်ပါမယ်။ ဒါပေမဲ့ ဆန္ဒပြချိန်မှာ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ဖို့အတွက် ကာကွယ်ထားတဲ့ သဘောပါ” ဟု ဦးကျော်ဇောလင်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံနှင့် နိုင်ငံသားများကို မုန်းတီး၍ မဟုတ်ဘဲ နယ်စပ်အရေးနှင့် ပတ်သက်၍ မိမိတို့အပေါ် ၎င်းတို့၏ ဆောင်ရွက်သော မူဝါဒ လုပ်ငန်း သဘောတရားအား လက်မခံလိုသောကြောင့် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း တမူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်က ပြောဆိုသည်။

မြတ် (ကလေး)

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template