Photo -New York Times |
တနင်္လာနေ့တွင် Donald Trump က မွတ်ဆလင်များအားလုံးအမေရိကန်ပြည်ထောင်စုသို့ဝင်ရောက်နေခြင်းကိုပိတ်ဆို့သင့်တယ်လို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်၊
အမေရိကန်ကို မုန်းတီးတဲ့ မွတ်ဆလင်တွေ များပြားတဲ့အတွက် အမေရိကန် နိုင်ငံမှာ အကြမ်းဖက်မှုတွေ ပိုဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။
အဲဒီ အမုန်းတရားတွေ ဘယ်ကနေ လာသလဲ ဆိုတာကို အဖြေရှာရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
မွတ်ဆလင်တွေကို အမေရိကန်နိုင်ငံထဲ ပေးမဝင်ဖို့ ပြောတဲ့အခါ အလည်အပတ်လာတဲ့ မွတ်ဆလင်တွေပါသလား၊ အမေရိကန်နိုင်ငံထဲ ရွှေ့ပြောင်းလာတဲ့ မွတ်ဆလင်တွေကိုပါ ပြောတာလား၊ ဒါမှမဟုတ် ပြည်ပကို ရောက်နေတဲ့ အမေရိကန်မွတ်ဆလင်တွေကို ပြောသလား ဆိုတာတော့ မသိရသေးပါဘူး။
သမ္မတလောင်း တစ်ဦးကနေ အခုလို ပြောဆိုတဲ့အပေါ် အမေရိကန် သမ္မတအပြင် တခြားပြိုင်ဘက် သမ္မတလောင်းတွေကလည်း Donald Trump ကို ဝေဖန်ခဲ့ကြပါတယ်။
Donald Trump ရဲ့ ပြောဆိုချက်က အမေရိကန်ရဲ့ ခံယူချက်နဲ့ ဆန့်ကျင်နေတယ်လို့ ပြောဆိုကြပါတယ်။
အိမ်ဖြူတော်ရဲ့ လုံခြုံရေးအရာရှိ Ben Rhodes ကတော့ အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်လို့ ဖော်ပြထားသလို Donald Trump ရဲ့ ပြောဆိုမှုက အမေရိကန် လုံခြုံရဲ့နဲ့လည်း ဆန့်ကျင်နေတယ်လို့ ဆိုပါတယ်။
IS အဖွဲ့က အမေရိကန်ဟာ အစ္စလာမ်ကို ဆန့်ကျင်နေတယ်လို့ လူတွေကို အယုံသွင်းဖို့ ကြိုးစားတဲ့အချိန်မှာ အခုလို ပြောဆိုတာက မသင့်တော်ဘူးလို့ ဆိုပါတယ်။
တချို့ နိုင်ငံရေးသမားတွေကလည်း Donald Trump ရဲ့ ပြောဆိုမှုက ဖက်ဆစ်ဆန်သလို တချို့ကလည်း မွတ်ဆလင်တွေကိုသာ ပစ်မှတ်မထားပဲ အမေရိကန်နိုင်ငံထဲ ဝင်လာသူ မှန်သမျှကို စောင့်ကြည့်မှုတွေ လုပ်သင့်တယ်လို့ ပြောဆိုကြပါတယ်။
(Radio Australia)