ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဒီဇင်ဘာ ၈ ရက်က ကစားခဲ့တဲ့ မာမိုနဲ့
ချန်ပီယံလိဂ်ပွဲမှာ ရီးရဲလ်အတွက် ၄ ဂိုး သွင်းနိုင်ခဲ့လို့
ချန်ပီယံလိဂ်မှာ စုစုပေါင်း ၈၈ ဂိုးနဲ့ ဂိုးသွင်းအများဆုံးစံချိန်
တင်လိုက်ပါတယ်။
ချန်ပီယံလိဂ်မှာ ရီးရဲလ်ကစားသမားတဦး ဂိုးအများဆုံး သွင်းယူနိုင်တဲ့
စံချိန်နဲ့ ချန်ပီယံလိဂ် သမိုင်းတလျှောက် ၁၁ မိနစ်အတွင်း ၃ ဂိုး
သွင်းနိုင်ခဲ့တဲ့ တတိယမြောက် အမြန်ဆုံး ဂိုးသွင်းနိုင်တဲ့ စံချိန်လည်း
တင်လိုက်နိုင်ပါတယ်။
ချန်ပီယံလိဂ်မှာ ဒုတိယ ဂိုးအများဆုံး သွင်းထားသူကတော့ သူ့ရဲ့ပြိုင်ဘက် လီယွန်နယ် မက်ဆီဖြစ်ပြီး ၇၉ ဂိုး သွင်းထားတာပါ။
တတိယကတော့ အနားယူသွားပြီဖြစ်တဲ့ ရီးရဲလ်ကစားသမားဟောင်း ရာအူးဖြစ်ပြီး ၇၁ ဂိုး သွင်းယူခဲ့ပါတယ်