Headlines News :
Home » » စစ်ကိုင်းတွင် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းမိ

စစ်ကိုင်းတွင် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းမိ

Written By Live100 on Monday, December 7, 2015 | 1:02 PM


စစ်ကိုင်းတိုင်းဒေသကြီးမှာ ဒီဇင်ဘာ ၅ ရက်နဲ့ ၆ ရက် နှစ်ရက်ဆက်တိုက် ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးမိခဲ့တယ်လို့ နယ်မြေခံရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီဇင်ဘာ ၅ ရက် ည ၁၁ နာရီခွဲလောက်က ကသာခရိုင် ပင်လည်ဘူးမြို့နဲ့ ၁၈ မိုင်ခန့်အကွာ ပေကုန်းရွာမြောက်ဘက် ၀မ်းဘဲအင်းသွားကားလမ်းပေါ်မှာ မသင်္ကာဖွယ် ဆိုင်ကယ် ၂ စီးကို စစ်ဆေးရာ ဘိန်းဖြူ ဆပ်ပြာခွက် ၂၂၀ ခွက်၊ စုစုပေါင်းအလေးချိန် ၂၄၂၀ ဂရမ်၊ တန်ဖိုး ကျပ်သိန်း ၂၄၂၀ ခန့်၊ WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၈၀၀၊ တန်ဖိုး ကျပ်သိန်း ၉၀ ခန့်၊ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၂၅၁၀ ခန့် ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၆ ရက်နေ့ မနက် ၂း၀၀ နာရီလောက်က အင်းတော်မြို့နယ် ပိန်းအင်းရွာထိပ် ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်မှာ ရွှေဘိုဘက်မှ မောင်းနှင်လာတဲ့ ဆိုင်ကယ်တစီးကို ရပ်တန့်စစ်ဆေးရာ ဘိန်းဖြူဆပ်ပြာခွက် ၂၇ ခွက်၊ စုစုပေါင်းအလေးချိန် ၃၂၄ ဂရမ်ခန့်၊ ကာလတန်ဖိုး ကျပ် ၃၂၄ သိန်းခန်၊ WY စာတမ်းပါ စိတ်ကြွဆေးပြား ၃၈၀၀ ပြား၊ ကာလတန်ဘိုး ကျပ်သိန်း ၁၉၀ ခန့်၊ 88 စာတမ်းပါ စိတ်ကြွဆေးပြား ၇၀၀၊ တန်ဖိုး ကျပ် ၃၅ သိန်း၊ စုစုပေါင်း ကာလတန်ဖိုး ကျပ် ၅၄၉ သိန်းခန့် ဖမ်းဆီးရမိတယ်လို့ အင်းတော် မြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
သတင်းဓာတ်ပုံ – သီဟဆွေ (ကသာ)
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template