Headlines News :
Home » » နှစ်ပဲတစ်ပြားကိစ္စအတွက် တန်ဖိုးရှိသည့် အချိန်များကို နှမြောမိဟု ဦးလှဆွေပြော

နှစ်ပဲတစ်ပြားကိစ္စအတွက် တန်ဖိုးရှိသည့် အချိန်များကို နှမြောမိဟု ဦးလှဆွေပြော

Written By Live100 on Wednesday, December 9, 2015 | 8:12 AM



အင်တာနက်ဖေ့ဖွတ်စာမျက်နှာ၌ Eleven Media Group ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေသည့် အရေးအသားများ ရေးသားသည်ဟု ဆိုကာ Eleven Media Group က တရားစွဲဆိုထားသည့်အမှု၏ ဒီဇင်ဘာ ၇ စတုတ္ထမြောက်ကြိမ်မြောက် ရုံးချိန်းသို့ ရောက်ရှိလာသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက နှစ်ပဲတစ်ပြားကိစ္စအတွက် တန်ဖိုးရှိသည့်အချိန်များကို နှမြောမိကြောင်း ပြောကြားလိုက်သည်။

“နှစ်ပဲတစ်ပြားကိစ္စအတွက် ကျွန်တော်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေ နှမြောတယ်မိတယ်။ ဒါပါပဲ . . . ကျွန်တော်ကတရား ရုံးကိစ္စတွေ သိပ်နားမလည်ဘူး။ ကျွန်တော်က သူတို့မေးတဲ့ဟာတွေကို ဒီလိုပဲရေးလိုက်တော့ ပြီးသွားတာပေါ့”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ က News Watch သို့ ပြောသည်။

အဆိုပါရုံးချိန်းတွင် Eleven Media Group မှ သက်သေ ၁၃ ဦးစာရင်းပေးခဲ့ပြီး တရားပြိုင် ဦးလှဆွေဘက်မှ သက်သေ တင်ပြခြင်းမရှိခဲ့ကြောင်း Eleven Media Group၏ ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

“ဦးလှဆွေက သူ့ဘက်က သက်သေပြစရာမရှိဘူးတဲ့။ သူ့ဖေ့ဘွတ်မှာ သူတင်တာမိုလို့ သက်သေပြစရာမရိုဘူးလို့ ပြောပါတယ်။ ဆရာတို့ဘက်က သက်သေ ၁၃ ယောက်ပေးတယ်”ဟု ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

လာမည့်ရုံးချိန်းအား ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်သို့ ချိန်းဆိုခဲ့ပြီး ယင်းရုံးချိန်းတွင် ကြားဖြတ်အမိန့်တခုအတွက် နှစ်ဘက်လျှောက်လွှဲချက်ပေးရမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။တရားလို Eleven Media Group Co.,Ltd ၏ ကောင်းသော ဂုဏ်သတင်းနှင့် သိက္ခာကို ထိခိုက်စေသဖြင့် တရားမကြီး အမှု အမှတ် ၁၀၈/၁၅ နစ်နာကြေး သိန်း ၆ ထောင်ရလိုမှု ဖြင့် နစ်နာကြေးငွေကျပ် သိန်း (၆၀၀၀)ရလိုမှု ဖြင့် တရား ပြိုင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကို တရားစွဲခဲ့ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ၄င်း၏ဖေ့ဖွတ်စာမျက်နှာတွင် ၉၊ ၇၊ ၂၀၁၅ ရက်နေ့၌ " ကျနော်က ဂျာနယ်တွေထဲမှာ သူရိယနေ၀င်းရယ် မြန်မာသံတော်ဆင့်ရယ် အလဲဗင်းရယ် ဘာမေးမေး မဖြေ ဘူးလို့ ဆုံးဖြတ်ထားတာပါ။ အလွန်စက်ဆုပ်ဖွယ်ကောင်းလို့ဗျ။" ၊ " ကျနော်က ဂန့်ဂေါအမတ်ဘဲ သူတို့ဂျာနယ် တည်ထောင် သူတွေ အရင်က ဂန့်ဂေါဘက်မှာ သစ်ကုမ္ပဏီထောင်ပြီး သစ်တွေထုတ်လို့ ကုန်ခါနီး လိုင်းပြောင်းပေါ်ပင် ဘောလုံး ဂျာနယ်ထုတ်၊ ဘောလုံးပွဲလောင်းသူတွေရဲ့ အားပေးမှုကြောင့် ပေါက်လာပြီး အခုမှ အင်ဗာရိုမင့်အကြောင်းတွေ လာပြောနေ စိတ်ကုန်စရာကြီး" ဟု ဖော်ပြခဲ့ခြင်းကြောင့် Eleven Media Group Co.,Ltd က ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ (၇)ရက်အတွင်းလာရောက်ဖြေရှင်းပေးရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေနှင့် အများသိစေရန် အသိပေးကြေညာခဲ့ပြီး တရားမကြီး အမှု အမှတ် ၁၀၈ / ၁၅ နစ်နာ ကြေး သိန်း ၆ထောင်ရလိုမှု ဖြင့် နစ်နာကြေးငွေကျပ် သိန်း (၆၀၀၀) ရလိုမှု ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

( News Watch : စောင့်ကြည့်သတင်းဂျာနယ် )
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template