Headlines News :
Home » » တက္ကသိုလ်ရိပ်သာလမ်းရှိ အနိုင်ကျင့်ခံရသည့် ကလေးငယ်အမှုမှ အိမ်ဖော်ဒေါ်သန်းနွဲ့ကို ရုံးတင်စစ်ဆေးမည်

တက္ကသိုလ်ရိပ်သာလမ်းရှိ အနိုင်ကျင့်ခံရသည့် ကလေးငယ်အမှုမှ အိမ်ဖော်ဒေါ်သန်းနွဲ့ကို ရုံးတင်စစ်ဆေးမည်

Written By Live100 on Monday, December 7, 2015 | 9:37 PM

 ဗဟန်းမြို့နယ် တက္က သိုလ်ရိပ်သာလမ်းသစ် အိမ်အ မှတ်-၂၅ (C4) ခြံဝင်းတွင် ကလေးငယ်အား လက်ပြန်ကြိုးတုပ်ကာ ရိုက်နှက်ခဲ့သည့် အိမ်ဖော် ဒေါ် သန်းနွဲ့ကို မျက်မြင်သက်သေ ၁၆ ဦး၏ စစ်ဆေးချက်ဖြင့် တရားရုံးသို့ တင်ပြစစ်ဆေးမည်ဖြစ် ကြောင်း ဗဟန်းမြို့မရဲစခန်းမှ ရဲ အရာရှိတစ်ဦးက ပြောသည်။

‘‘အမှုမှာ မျက်မြင်တွေ့တဲ့ သူတွေကိုလည်း စစ်ထားတယ်။ အမှုနဲ့ပတ်သက်ပြီး အိမ်ကိုသွား တဲ့ ရဲအရာရှိနှစ်ဦးကိုလည်း စစ် ဆေးပြီးပြီ။ အားလုံးပေါင်း ၁၆ ယောက်ရဲ့ စစ်ဆေးချက်တွေကို  တရားရုံးကို တင်ပြပေးမှာပါ။ စစ်ဆေးတွေ့ရှိချက်တွေကို တရားသူကြီး ဆုံးဖြတ်မှာ ဖြစ်ပါတယ်’’ဟု အဆိုပါရဲအရာရှိက ပြောသည်။
ကလေးငယ် မစုဝေအား ရိုက်နှက်ခဲ့သည့် ဒေါ်သန်းနွဲ့ကို ဗဟန်းမြို့နယ် တရားရုံး၌ ဒီဇင်ဘာ ၇ ရက်တွင် စတင်စစ်ဆေးမည် ဖြစ်ပြီး မျက်မြင်တွေ့ရှိသူများ၏ ထွက်ဆိုချက်များကိုလည်း တရားသူကြီးထံသို့ ပေးအပ်မည်ဖြစ် ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြော သည်။
 ‘‘ကလေးကိုရိုက်တဲ့ ဒေါ် သန်းနွဲ့ကို မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနက အရာရှိကိုယ်တိုင် တရားလိုလုပ်ပြီး စွဲဆိုထားတယ်။ ရဲတွေကတော့ ဒေါ်သန်းနွဲ့ကို စစ် ဆေးနေပါတယ်။ အမှုစစ်ဆေး လို့ ပေါ်လာခဲ့ရင်လည်း နောက် ထပ်ပုဒ်မတွေ ထပ်တိုးလာနိုင်ပါ တယ်’’ဟု ဒုရဲမှူးကြီး ကျော်ထွဋ် က ပြောသည်။
ဗဟန်းမြို့နယ် တရားရုံး၏ အမှတ် (၅၀၈/၁၅) ဖြင့် တရားလို ဒေါ်စန်းစန်းအေး (ဗဟန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန) ဦးစီးအရာရှိ မြို့နယ်ကလေးသူငယ်အခွင့် အရေးဆိုင်ရာကော်မတီ အတွင်း ရေးမှူးက စွဲဆိုထားခြင်းဖြစ် ကြောင်း ဒုရဲမှူးကြီးကျော်ထွဋ်က ဆိုသည်။
 ကြိုးတုပ်ရိုက်နှက်ခံရသည့် မစုဝေနှင့် မိခင်ကို နိုဝင်ဘာ ၂၄ ရက်မှစတင်ကာ ဗဟန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးသက်မွေးအတတ်ပညာသင်တန်း ကျောင်းတွင် ခေါ်ယူစောင့်ရှောက်ထားကြောင်း သိရသည်။
 
7 Day
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template