Headlines News :
Home » » ထားဝယ်တွင် ယာဉ်အန္တရာယ်လျော့ချရေး လှုံ့ဆော်မှု ပြုလုပ်မည်

ထားဝယ်တွင် ယာဉ်အန္တရာယ်လျော့ချရေး လှုံ့ဆော်မှု ပြုလုပ်မည်

Written By Live100 on Monday, December 7, 2015 | 8:46 AM


|Dawei Watch| ထားဝယ်၊ ဒီဇင်ဘာ ၆
ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုများကြောင့် ထိခိုက် သေဆုံးမှု လျော့ချနိုင်ရန် ထားဝယ်မြို့ လမ်းဆုံကြီးတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပေး လှုံ့ဆော်မှုကို ဒီဇင်ဘာလ ၁၁ ရက်မှ ၁၃ ရက်နေ့ အထိ ညပိုင်းများတွင် ပြုလုပ်သွားမည်ဟု ဇမ္ဗူသီိရိ မွန်မြတ်သော ကုသိုလ်ပြု အရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ထံမှ သိရသည်။
 ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ များပြားလာပြီး သေဆုံးမှုများရှိလာသည့်အတွက် ထား ၀ယ်မြို့ရှိ လူသွားလာများသော လမ်းဆုံကြီးနေရာတွင် ထားဝယ်အနုပညာရှင်များက တီးဝိုင်းဖြင့်ဖျော်ဖြေလူစုဝေးပြီး ယာဉ်အန္တရာယ်လျော့ချရေး လှုံ့ဆော်မှုများကို ပြုလုပ်သွားမည်ဟု ယင်းအဖွဲ့မှ ဦးနေမျိုးသွင်က ပြောသည်။
"လမ်းနဘေးမှာ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနဲ့ ပက်သက်ပြီး အသိပညာပေးပြခန်းတွေကို ယာဉ်ထိန်းတပ်ဖွဲ့က ဖွင့်ထားမယ်၊ ကျွန်တော်တို့ အသိပညာပေး လက်ကမ်းစာစောင်တွေ ဝေမယ်”ဟု ဦးနိုင်မျိုးသွင်က ဆိုသည်။
ယင်းအစီအစဉ်ကို တိုင်းရဲတပ်ဖွဲ့နှင့် ဇမ္ဗူသီိရိတို့ ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှု ၊ယာဉ်တိမ်းမှု၊ အရေးပေါ်ဆေးဝါးကုသရန် ဆေးရုံသို့  နိုဝင်ဘာလအတွင်း လူနာ ၁၀၀ဦးကို ပို့ဆောင်ပေးခဲ့ကြောင်း ဇမ္ဗူသီိရိမွန်မြတ်သော ကုသိုလ်ပြု အရေးပေါ် လူနာကူညီသယ်ဆောင်ရေး မှတ်တမ်းအရ သိရသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template