ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ (Myanmar Parliamentary Union – MPU) ဖွဲ့စည်းဖို့ အဖွဲ့ဝင်တွေရဲ့အမည်စာရင်းတွေကို တင်သွင်းခဲ့ပါတယ်။
ဒီကနေ့ အစည်းအဝေးမှာတော့ တင်ပြခြင်း၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်ဖွဲ့စည်းဖို့ အဖွဲ့ဝင်စာရင်းတင်ပြခြင်း၊ အာဆီယံ ပါလီမန်များ ညီလာခံဆိုင်ရာပူးပေါင်းကော်မတီ ( Joint Committee on ASEAN Inter-Parliamentary Assembly) ဖွဲ့စည်းဖို့ အမည်စာရင်း တင်သွင်းခြင်းနဲ့ နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်း ကော်မတီ (Joint Committee on Inter-Parliamentary Union) ဖွဲ့စည်းဖို့ အမည်စာရင်း တင်သွင်းခြင်းတွေကို ဆောင်ရွက်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ (Myanmar Parliamentary Union – MPU) ကိုတော့ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ အပါအဝင် တိုင်းနှင့် ပြည်နယ်က လွှတ်တော်ဥက္ကဋ္ဌတွေ စုစုပေါင်း ၁၈ ဦးနဲ့ ဖွဲ့စည်းမှာဖြစ်ပါတယ်။ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကိုတော့ သူရဦးရွှေမန်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မှာဖြစ်ပြီး အဖွဲ့ဝင် ၃၅ ဦးနဲ့ ဖွဲ့စည်းမှာလည်းဖြစ်ပါတယ်။
DVB
