Headlines News :
Home » » စစ်ဘေးရှောင်များအားလုံး သျှမ်းပြည်နယ်အစိုးရ ဌာနဆိုင်ရာများ တာဝန်ယူမည်ဟုဆို

စစ်ဘေးရှောင်များအားလုံး သျှမ်းပြည်နယ်အစိုးရ ဌာနဆိုင်ရာများ တာဝန်ယူမည်ဟုဆို

Written By Live100 on Tuesday, March 1, 2016 | 11:02 PM

RCSS/SSA  နှင့် TNLA  တို့အကြားတိုက်ပွဲကြောင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်၌ စစ် ပြေးဒုက္ခသည်များ ခိုလှုံနေသော စခန်းများအား ကျောက်မဲမြို့နယ်ရှိ ဌာနဆိုင်ရာများက တာဝန်ယူ စီမံခန့်ခွဲ မည်ဟုကမ်းလှမ်းလာကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့များ ပြောပြချက်အရ သိရသည် ။



ကျောက်မဲမြို့ ကန်မိန်းဘုန်းကြီး ကျောင်းသို့လည်း အာဏာပိုင်များ ရောက်ရှိလာပြီး ဒုက္ခသည် စခန်းများကို ဌာနဆိုင်ရာများသာ တာဝန်ယူစီမံခန့်ခွဲ သွားမည်ဖြစ်ကြောင်းပြော ဆိုသည်ဟု ကန်မိန်းဘုန်းကြီးကျောင်း ဆရာတော် အရှင်နန္ဒာစာရ ကမိန့်တော်မူသည် ။


“ ဌာနဆိုင်ရာဆိုတာ အုပ်ချုပ်ရေးမှူးတွေလည်း ပါတယ် ။ အာဏာပိုင်တွေက ဘုန်းဘုန်းကျောင်း ကိုလာပြီး ပြောတယ် ။ ဒုက္ခသည်စခန်းတွေကို သူတို့ တာဝန်ယူ စီမံသွားမယ်တဲ့ ။  ဘုန်းဘုန်းတို့ စီမံခန့်ခွဲရင် ရေရှည်အတွက်ဆို မဖြစ်နိုင်ဘူးတဲ့ ။ ဘုန်းဘုန်းတို့မှာ လူအင်အားတွေ အဖွဲ့အစည်း တွေ မရှိဘူးတဲ့ ။ ပြီးတော့ စီမံပေးမယ့်သူမရှိဘူး တဲ့ ” ဟု ဆရာတော်က မိန့်တော်မူသည် ။


ဒုက္ခသည်ကူညီကယ်ဆယ်ရေးမှ အတွင်းရေးမှူးဒေါ်နန်းခင်မာအေးက ကျောက်မဲမြို့ စစ်ပြေး ဒုက္ခသည်စခန်း ၂၀ အနက် ၅ ခုသာ သက်ဆိုင်ရာ လူထုအဖွဲ့အစည်းများက စီမံခဲ့ရပြီး ကျန် ၁၅ ခုမှာ အုပ်ချုပ်ရေးမှူးများအဖွဲ့က တာဝန်ယူ စီမံပေးရကြောင်း ဆိုပါသည် ။


“ သူတို့တာဝန်ယူထားတဲ့နေရာက ပြသနာတွေအမျိုးမျိုး ကြားနေရတယ် ။ ဒုက္ခသည်တွေရဲ့ အခက် အခဲက ငွေရေးကြေးရေးပိုင်းကအစပေါ့ ။ သုံးဖို့လိုရင် အရင်ဦးဆုံး စာရင်းတင်ရမယ် ။ လိုတဲ့ ပစ္စည်းတွေ အာဏာပိုင်တွေက ထုတ်ပေးမယ် ။ ဥပမာပြောရမယ်ဆိုရင် ပိန်းနင်ကျောင်းက ဒုက္ခသည်က ကလေးမီးဖွားတော့မယ် ။ သူတို့ကို အရင်အစီရင်ခံစာ အရင်တင်ရတယ်လေ ။  အဲ့လိုမျိုးတွေပေါ့ ။ အန်တီတို့နားဆိုရင် ကလေးမမွေးခင်ကတည်းက လိုအပ်တဲ့ ပစ္စည်းတွေ အရင်ဆုံးပေးထားပြီးပြီ ။ အဲလိုမျိုးတွေကွာတယ်လေ ” ဟု ၄င်းကပြောသည် ။


သို့သော် ရပ်ကွက်အာဏာပိုင်များသည် အလှူရှင်များမှ ပေးလှူသည့် အလှူငွေများအား လက်ခံ ထားပြီး စခန်းတခုစီအား ငွေ ကျပ် ၅ သိန်းစီ ပေးဝေကြောင်း ၊ ပိုငွေ ကျန်ငွေများအား ၄င်းတို့ထံ သိမ်းထားကြောင်း ဒုက္ခသည်များလိုအပ်သည်များကို ၀ယ်ပေးရန်ဖြစ်ကြောင်းပြောဆိုသည်ဟု စခန်းစောင့်ရှောက်ရေး တာဝန်ရှိသူများ၏ ပြန်လည်ပြောပြချက်အရ သိရသည် ။


အုပ်ချုပ်ရေးမှူးများဘက်ကမူ - မိမိတို့စီမံခန့်ခွဲပေးမည်ဆိုပါက ဒုက္ခသည်များအတွက် ရေရှည် အထောက် အပံ့ ရနိုင်မည်ဖြစ်ကြောင်း ၊ ဒုက္ခသည်များလိုအပ်သည်များကို ဖုန်းဆက်တောင်းရုံ သာလိုအပ်ကြောင်း ၊ အဆိုပါလက်ခံရရှိသည့် အလှူငွေများအားလည်း ဒုက္ခသည်များကိုသာ ပြန်လည်ချပေးမည်ဖြစ်ကြောင်း ၊ လွယ်ကူအဆင်ပြေရေးအတွက်သာ တဖက်တလမ်းက ကူညီပေး ခြင်းဖြစ်ကြောင်း ပြောပါသည် ။


ကျေးရွာအုပ်ချုပ်ရေးမှူးများမှ စီမံခန့်ခွဲခြင်းမပြုသည့် ကျန်စခန်း ၅ ခုမှာ ဘိုးဘွားရိပ်သာ စခန်း ၊ ရွှေကျင် ကျောင်းတိုက်စခန်း ၊ ကျောင်းယွက်စခန်း ၊ စိတ္တသုခကျောင်းနှင့် ကန်မိန်းကျောင်းတိုက်တို့မှ စခန်းများ ဖြစ် ကြောင်း ၊ အဆိုပါစခန်းများကို ဒုက္ခသည်များ ကူညီဆောင်ရွက်ရေးကော်မတီမှ ကူညီစီမံပေးနေကြောင်း လူငယ်များ ပြောပြချက်အရ သိရသည် ။


သျှမ်းပြည်နယ်အစိုးရ ကလည်း  စစ်ဘေးရှောင်များအတွက် ငွေကျပ် ၃၅၀၀ ကျော် ကူညီ ထောက်ပံ့မှုပေး ထား သည်ဟု သျှမ်းပြည်နယ် အစိုးရဘဏ်ဏ္ဍာ အခွန်ဝန်ကြီး ခွန်သိန်းမောင်က ဒုတိယ အကြိမ် ပထမ ပုံမှန် သျှမ်းပြည်နယ် လွှတ်တော်အစည်းအဝေး တွင် ပြောကြားသည် ။


အဆိုပါ စစ်ဘေးရှောင်အချို့တဝက်မှာ နေရပ်ပြန်ပြီ ဟု ဆိုသော်လည်း စစ်ရေး ပဋိပက္ခငြိမ်သက်ခြင်းမရှိ သေးသည့်အတွက် စစ်ဘေးရှောင် အသစ်များ ထပ်မံရောက်ရှိလာနေကြောင်း စေတနာရှင် ကျား ၅ ကောင်ဆေးတိုက်ပိုင်ရှင် စိုင်းသန်းမောင် က ပြောသည် ။


သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်၌ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် တအောင်းပလောင်လွတ်မြောက်ရေးတပ်မတော် TNLA တို့အကြား တိုက်ပွဲများဆက်တိုက် ဖြစ်ပွားခဲ့ပြီး နေရပ်မှစွန့်ခွါထွက်ပြေးရသည့် စစ်ပြေးဒုက္ခသည် လေးထောင်ကျော်ရှိပြီဖြစ်ကြောင်း ၊ ဒုက္ခသည် များတွင် သျှမ်းနှင့်တအာင်းတိုင်းရင်းသားများ ဖြစ်ကြောင်း သိရသည် ။
သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template