Headlines News :
Home » » ကေအိုင်အေ တပ်မဟာ ၆ တိုးချဲ့မှု အစိုးရ ပြင်းထန်စွာကန့်ကွက်

ကေအိုင်အေ တပ်မဟာ ၆ တိုးချဲ့မှု အစိုးရ ပြင်းထန်စွာကန့်ကွက်

Written By Live100 on Tuesday, March 1, 2016 | 8:18 PM


ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)က ရှမ်းပြည်နယ်ထဲမှာ ကေအိုင်အေ တပ်မဟာ ၆ ကို တရားဝင်တိုးချဲ့ဖွဲ့စည်းလိုက်တဲ့အပေါ် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက အပြင်းအထန်ကန့်ကွက်လိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ ထိန်းချုပ်ဒေသဖြစ်တဲ့ မုန်းဘော်၊ မုန်းကိုးနဲ့ ဖောင်းဆိုင် နယ်မြေ ၃ခုမှာ ကေအိုင်အေ တပ်မဟာ ၆ ကို ဖေဖော်ဝါရီလ ၂၆ ရက်မှာ တိုးချဲ့ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။
အခုလို တပ်မဟာ ၆ ကို ထပ်မံတိုးချဲ့ဖွဲစည်းတာဟာ နိုင်ငံတော်အစိုးရက ဖော်ဆောင်နေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကို အသိအမှတ်မပြုဘဲ ဆန့်ကျင်ရာရောက်ပြီး ကောင်းကျိုး ထက်ဆိုးကျိုးသာ သက်ရောက်စေတဲ့အတွက် ကန့်ကွက်တာလို့ အစိုးရငြိမ်းချမ်းရေး ကော်မတီရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီကန့်ကွက်တာနဲ့ပတ်သက်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)က သတင်း စုစောင်းရေး တာဝန်ခံ ဗိုလ်မှူး ကြီးနော်ဘိုကိုမေးမြန်းကြည့်ရမှာတော့ တပ်မဟာ ၆ ဟာ အခုမှ တိုးချဲ့ဖွဲ့စည်းတာမဟုတ်ဘဲ ၂၀၁၁ ခုနှစ်ကတည်း ဖွဲ့စည်းထားတာလို့ ပြောပါတယ်။
“ကျနော်သိသလောက်တော့ တိုးချဲ့ပြီးတော့ ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။ တပ်မဟာ ၆ ကတော့ ၂၀၁၁ ကတည်းကနေ ဖွဲ့စည်းထားတာ။ အခုလောလောဆယ် ဖွဲ့စည်းတာမရှိဘူး။ ဒါပေမယ့် အဲဒီ အသေးစိတ်ကိစ္စတော့ ကျနော် ပြောလို့မရဘူး။”
ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)ဟာ ၁၉၉၄ ခုနှစ်မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးခဲ့ပြီးနောက် အစိုးရက ကေအိုင်အေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဖိအားပေးခဲ့တဲ့အတွက် ၂၀၁၁ ခုဇွန်လမှာ နှစ်ဖက် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးမှုမှာ ကေအိုင်အေ ပါဝင်ဆွေးနွေးခဲ့ပေမယ့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အန်စီအေ စာချုပ်ကိုတော့ ပါဝင်လက်မှတ်မထိုးသေးပါဘူး။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template