Headlines News :
Home » » နိုင်ငံတော်သမ္မတ အလွှဲအပြောင်းအား ငွေကြေးကုန်ကျ သက်သာပြီး ရိုးရှင်းစွာဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်း လုပ်မည်ဟု ဦးဝင်းထိန်ပြော

နိုင်ငံတော်သမ္မတ အလွှဲအပြောင်းအား ငွေကြေးကုန်ကျ သက်သာပြီး ရိုးရှင်းစွာဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်း လုပ်မည်ဟု ဦးဝင်းထိန်ပြော

Written By Live100 on Friday, March 4, 2016 | 10:19 PM


အစိုးရသစ်တစ်ရပ် ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတ အာဏာလွှဲပြောင်းခြင်းနှင့် ဝန်ကြီးအသစ်များ လွှဲပြောင်းခြင်း ကိစ္စရပ်များအား ငွေကြေးအကုန်အကျ သက်သာစေလိုပြီး ရိုးရိုးရှင်းရှင်းဖြင့် ဥပဒေအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းထိန်က ပြောသည်။

“သူတို့လုပ်ချင်တာက တစ်မျိုး၊ ကျွန်တော်တို့လုပ်ချင်တာက တစ်မျိုး၊ ဒါပေမယ့် ကျွန်တော်တို့ လုပ်ချင်တဲ့ အခြေခံအကြောင်းတရားက ငွေကြေးကုန်ကျစရိတ် နည်းမယ်၊ ရိုးရှင်းမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်းပဲ လုပ်မယ်” ဟု ၄င်းက မီဒီယာများကိုပြောသည်။

မတ်လ ၃၀ ရက်နေ့ အလွှဲအပြောင်းလုပ်တဲ့အချိန် နံနက်ပိုင်း ၁၀ နာရီတွင် သမ္မတအဖြစ် လျာထားသည့် ပုဂ္ဂိုလ်၊ ဝန်ကြီးအဖြစ် လျာထားတဲ့ ပုဂ္ဂိုလ်များက ကျမ်းသစ္စာကျိမ်ဆိုပြီး နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ခံရသူက မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်းလည်း ၄င်းကဆိုသည်။

“အဲ့ဒီမှာတော့ သမ္မတ ဦးသိန်းစိန်လာမှာ မဟုတ်ဘူး၊ ပြီးသွားပြီဆိုရင် ကျွန်တော်တို့ သမ္မတက မိန့်ခွန်းပြောမယ်၊ ပြောပြီးရင် သမ္မတနဲ့ တကွ ဝန်ကြီးအသစ်တွေ ကနေပြီးတော့ သမ္မတဦးသိန်းစိန် အိမ်ကိုသွားမယ် သမ္မတအိမ်တော်ကနေ ဦးသိန်းစိန် ကကြိုမယ်၊ ကြိုပြီးတော့မှ အိမ်တော်အကြောင်းတွေ ရှင်းပြ၊ အိမ်တော်က ဝန်ထမ်းတွေနဲ့ မိတ်ဆက်၊ ပြောပြီးပြီဆိုတာနဲ့ ကျွန်တော်တို့ သမ္မတအသစ်ကို နေရာချထားပြီးတာနဲ့ ဦးသိန်းစိန်နဲ့အဖွဲ့က ပြန်လည် ထွက်ခွာသွားမယ်” ဟု ဦးဝင်းထိန်က ရှင်းပြသည်။

ညစာစားပွဲ အစီအစဉ်ကိုမူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကသာ ဦးဆောင်ကြီးမှူး ကျင်းပသွားမည်ဖြစ်ပြီး ဖိတ်သင့်ဖိတ်ထိုက်သည့် ပုဂ္ဂိုလ် အနည်းအကျဉ်းဖြင့်သာ ပြုလုပ်သွားမည်ဟုလည်း ၄င်းက ပြောသည်။

“ညပိုင်းအစီအစဉ်ကိုတော့ သူတို့မလုပ်တော့ဘူး၊ ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေ ကြီးမှူးပြီးတော့ ညစာစားပွဲလုပ်မယ်၊ ဖိတ်တာကလည်း ကျယ်ပြန့်များများစားစားတော့ မဟုတ်ဘူး၊ လိုအပ်တဲ့ ဧည့်သည် စာရင်းလောက်ပဲ၊ ဥပမာဆိုပါစို့ သံတမန်တွေပါမယ်၊ ဝန်ကြီးအဖွဲ့ဝင်တွေပါမယ်၊ အနုပညာ အဖွဲ့တွေပါမယ်၊ NLD က ဖိတ်သင့်ဖိတ်ထိုက်တဲ့ လူကြီးတွေပါမယ်၊ နည်းနည်းနဲ့ ကျဲကျဲပါပဲ” ဟု ဦးဝင်းထိန်က ဆိုသည်။

သတင်း - ကိုပေါက်
The Ladies News
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template