နွေကာလမှာ နေ့အပူချိန်တွေ မြင့်တက်လာရာကနေ မိုးတိမ်တောင်တွေ
ဖြစ်ပေါ်ပြီး လေပြင်းတွေ တိုက်ခတ်နိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဌာနက ဒီကနေ့
မတ်လ ၁ ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံအရပ်ရပ်မှာ အနောက်တောင်မုတ်သုံရာသီမကျမီ နွေကာလအတွင်း
နေ့အပူချိန် မြင့်တက်လာရာမှ မွန်းလွဲ/ညနေပိုင်းတွေမှာ မိုးတိမ်တောင်တွေ
ဖြစ်ပေါ်ပြီး ရွေ့လျားရာ တလျှောက်လေပြင်းတွေတိုက်ခတ်တာ မိုးကြိုးပစ်
လျှပ်စီးလက်၊ မိုးသီးကြွေတာနဲ့ နေရာ ကွက်ကျား မိုးထစ်ချုန်းရွာတာတွေ
ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
လေပြင်းတိုက်ခတ်ချိန် မြေပြင်/ရေပြင်လေဟာ တစ်နာရီလျှင် ၃၅ မိုင်ကနေ မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အများပြည်သူတွေအနေနဲ့ ဒီကနေ့ စတင်တဲ့ နွေကာလမှာ ဖြစ်လာနိုင်တဲ့
မိုးလေဝသ ဖြစ်စဉ်တွေကို အထူးဂရုပြုနေထိုင်သွားကြဖို့ မိုးဇလဌာနက သတိပေး
နိုးဆော်ထားပါတယ်။
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago