Headlines News :
Home » » စိမ်းလဲ့ကန်သာငါးလောင်းပြိုင်လူသတ်မှုလွှတ်တော်တွင် မေးမြန်းသွားမည်ဟုဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပြော

စိမ်းလဲ့ကန်သာငါးလောင်းပြိုင်လူသတ်မှုလွှတ်တော်တွင် မေးမြန်းသွားမည်ဟုဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပြော

Written By Live100 on Friday, March 4, 2016 | 10:27 PM



ယခုနှစ်မတ်လ၃ရက်တွင်ရှစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သောရန်ကုန်မြို့စိမ်းလဲ့ကန်သာငါးလောင်းပြိုင်လူသတ်မှုနှင့်ပတ်သက်၍လွှတ်တော်တွင် မေးခွန်းမေးမြန်းရန် စီစဉ်ထားကြောင်းဗဟန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်ကNews Watchသို့ ပြောသည်။

''ဒီကိစ္စကမတရားမှုဆိုတာလူတိုင်းသိပါတယ်။ NLD အစိုးရသစ်ကလည်းဒီကိစ္စကိုဆက်လက်ကိုင်တွယ် ဆောင်ရွက်သွားမှာပါ။ အခြေအနေနဲ့အချိန်အခါကိုကြည့်ပြီးလွှတ်တော်မှာမေးခွန်းမေးမြန်းသွားမှာပါ။ အခုရက်ပိုင်းလက်ပံတောင်းတောင်ကိစ္စ လွှတ်တော်မှာဆွေးနွေးတော့ ဘယ်လိုဖြစ်သွားတယ်ဆိုတာသိတဲ့အတိုင်းပဲလေ။ ကိုယ့်မြို့နယ်အတွက် အစွမ်းကုန်ကြိုးစားမယ်။ အကျိုးနဲ့အပြစ် အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီးမေးခွန်းမေးမြန်းသွားမှာပါ''ဟု ၎င်းက ပြောသည်။

၂၀၀၈ခုနှစ်မတ်လ၃ရက်ကငွေကိုလေလိုသုံးသူဟုစာရေးဆရာကြီးသော်တာဆွေက၎င်း၏စာများတွင်ထည့်သွင်းရေးသားဖော်ပြခြင်းခံခဲ့ရသူမိုးကုတ်သူဋ္ဌေးကြီးဦးမြမောင်၏သမက်ဖြစ်သူဦးစ၀်ကြည်၊သမီးဖြစ်သူဒေါ်စန်းစန်းမြင့်၊ မြေးနှစ်ဦးဖြစ်သည့် ဒေါ်မြစန္ဒာနှင့်မနှင်းပွင့်အေးတို့နှင့်အတူအိမ်အကူအမျိုးသမီးလေးအယ်ဖောတို့ကိုအမည်မသိလူသတ်သမားများကသေနတ်ဖြင့် ပစ်သတ်မှုကြောင့် သေဆုံးခဲ့ကြရသည်။

မြန်မာနိုင်ငံ၏တရားဥပဒေစိုးမိုးရေးအကြောင်းပြောသည့်အခါတိုင်းငါးလောင်းပြိုင်လူသတ်မှုကိုထည့်သွင်းပြောကြားလေ့ရှိကြပြီးယင်းလူသတ်မှုတွင် ယခင် အာဏာရှင်ခေတ်ကထင်ရှားသူအချို့ပါဝင် ပတ်သက်ဖွယ်ရှိသည်ဟူသောသတင်းများကြောင့် ပြည်သူလူထုအနေဖြင့် စိတ်ဝင်စားနေသော အမှုကြီးတခုလည်း ဖြစ် သည်။

နန္ဒမျိုးဆောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template