မြန်မာနိုင်ငံ၌ ၁၉၉၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲကျင်းပခဲ့ပြီး အနိုင်ရရှိခဲ့သော
အန်အယ်လ်ဒီပါတီကို စစ်အစိုးရက လွှတ်တော်ခေါ်ယူကျင်းပခြင်း၊
အစိုးရသစ် ဖွဲ့စည်းစေ ၍
အာဏာလွှဲပြောင်းပေးခြင်းမပြုလုပ်ခဲ့ပါ။
၂၀၁၀ ရွေးကောက်ပွဲ၌ အန်အယ်လ်ဒီပါတီက
အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခြင်း
မပြုခဲ့သဖြင့်
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကအများစုအနိုင်ရရှိခဲ့ပြီး
အစိုးရအသစ်ဖွဲ့ခဲ့ပါသည်။ အသွင်သဏ္ဌာန်အားဖြင့်သာ
အစိုးရဖွဲ့စည်း၍ အာဏာလွှဲသည်ဟုဆိုသော်လည်း
အနှစ်သာရအားဖြင့် လက်ရှိစစ်ဗိုလ်ချုပ်ကြီးများနှင့်
စစ်ဗိုလ်ချုပ်ဟောင်းများကသာ အာဏာချုပ်ကိုင်ထားသော အစိုးရ
ဖြစ်ခဲ့ပါသည်။
၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ၌
အန်အယ်လ်ဒီပါတီသည် ရာခိုင်နှုန်း ၈၀ အနိုင်ရရှိခဲ့ပါသည်။
အန်အယ်လ်ဒီပါတီက အစိုးရအဖွဲ့သစ်နှင့်
သမ္မတသစ်ရွေးခွင့်ရှိနေပါသည်။
သမ္မတနှင့်အုပ်ချုပ်ရေးအာဏာရပ်များကို လွှဲပြောင်းပေးမည်ဟု
လက်ရှိအစိုးရက တရားဝင်ကြေညာခဲ့သည်။ နှစ်ဘက်
အာဏာလွှဲပြောင်းရေးလုပ်ငန်းအဖွဲ့များလည်း ဖွဲ့စည်း၍
ညှိနှိုင်းမှုများ စတင်ပြုလုပ်နေ ပြီဖြစ်ပါ သည်။
ပြည်သူအများဝမ်းမြောက်ကြရပါသည်။
ဒီမိုကရေစီနိုင်ငံကြီးများ၌ ဒီမိုကရေစီနည်းကျ
ရွေးကောက်ပွဲများကျင်းပပြီး အသစ် အဟောင်း
အာဏာလွှဲပြောင်းပေးမှုများကို ဥပဒေလုပ်ထုံးလုပ်နည်းများ
ပြဋ္ဌာန်း၍ ပြုလုပ်ကြပါသည်။ တိကျသော
လွှဲပြောင်းမှုလုပ်ထုံးလုပ်နည်းများမရှိပါက
အာဏာလွှဲပြောင်းမှုသည် နိုင်ငံစည်း လုံးညီညွတ်မှုပြိုကွဲ၍
ပြည်တွင်းစစ်မီးဟုန်းဟုန်းတောက်သည်အထိဖြစ်စေနိုင်ပါသည်။
အမေရိကန် နိုင်ငံ၏ သမိုင်း၌ အာဏာလွှဲပြောင်းရေး၌
မချောမွေ့မှုများ ပြည်တွင်းစစ်မီးတောက်လောင် သည်အထိ
ဖြစ်ရပ်များပေါ်ပေါက်ခဲ့ ပါသည်။
ဒီမိုကရေစီနိုင်ငံကြီးဖြစ်သော အမေရိကန်နိုင်ငံတွင်
၁၇၉၆ခုနှစ် ပထမဆုံးသမ္မတဖြစ်သော George Washington က ၁၇၉၇
ခုနှစ် မတ်လတွင် သမ္မတသစ် John Adams ကို အာဏာလွှဲ
ပြောင်းပေးခဲ့သည်မှအစ ယနေ့သမ္မတ Barek Obama အထိ
သမ္မတပေါင်း (၃၅)ဦးသည် ၁၇၉၆မှ ၂၀၀၉ခုနှစ် လက်ရှိသမ္မတအထိ
နှစ်ပေါင်း (၂၀၀) ကျော်အဆက်ဆက်အာဏာလွှဲပြောင်း ပေးခဲ့ပါသည်။
အာဏာလွှဲပြောင်းရေး၌ ၁၈၆၀-၁၈၆၁ James Buchanan က Abrham Lincon
သို့ လွှဲပြောင်း ရေးကိစ္စသည် မချောမွေ့ခဲ့ပါ။ ရွေးကောက်ပွဲ
ပြည်နယ် (၇) ခုသာ လွှဲပြောင်း ရယူခဲ့ပြီး ကျန်ပြည်နယ်များ၌
ပဋိပက္ခများဖြစ်ပေါ်ခဲ့သည်။
အမေရိကန်တောင်ပိုင်းမြောက်ပိုင်း ပြည် တွင်းစစ်
မီးတောက်လောင် သည်အထိ ပို့ဆောင်ခဲ့သည်။ ထို့ပြင်၁၉၃၂-၁၉၃၃
သမ္မတ Herbert Hoover က Franklin D.Roosevelt
အားအာဏာလွှဲပြောင်းရေးတွင်လည်း အစဉ်မချောမွေ့ခဲ့ပါ။
သမ္မတအာဏာလွှဲပြောင်းရေးတွင် သမကဲ့ရဲ့ရှုတ်ချပြောဆိုမှုများ
ခံခဲ့ရပါသည်။ သို့ဖြစ်၍ အမေရိကန်၌ ၁၉၆၃ခုနှစ်တွင်
‘‘သမ္မတလွှဲပြောင်းရေး အက်ဥပဒေ-၁၉၆၃’’ကို ပြ
ဋ္ဌာန်းကျင့်သုံးခဲ့သည်။ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ
ချောမွေ့စွာ အာဏာလွှဲပြောင်းပေးခဲ့ကြ ပါသည်။
သမ္မတအာဏာလွှဲပြောင်းရေး ဥပဒေ၏ ရည်ရွယ်ချက်သည် သမ္မတ၏
အုပ်ချုပ်ရေး သက်တမ်း တစ်ခုကုန်ဆုံးသွားသောအခါ
အသစ်ရွေးချယ်ခံရသော သမ္မတ၏အုပ်ချုပ်ရေးအဖွဲ့အား
လုပ်ငန်းတာဝန် နှင့်လုပ်ငန်းများလွှဲပြောင်းပေးရာ၌
လွယ်ကူချောမွေ့အဆင်ပြေစေရေးဖြစ်ပါသည်။
သမ္မတလွှဲပြောင်းရေးဥပဒေသည် မလိုလားအပ်သော
ပဋိပက္ခများမဖြစ်ပေါ်ရေး၊ အငြင်းပွားမှုများ
လျော့ကြစေရေးနှင့် နိုင်ငံလုံခြုံရေးနှင့်
ငြိမ်ဝပ်ပိပြားမှုမထိခိုက်စေရေးကို ရည်ရွယ်ပါသည်။
ယင်းဥပဒေ၌ နှစ်ပိုင်းတွေ့ ရပါသည်။ လွယ်ကူချောမွေ့စွာ
တာဝန်ရပ်များလွှဲပြောင်းရေးနှင့် လွှဲပြောင်းမှုလုပ်
ငန်းစဉ်များ၊ ငွေကြေး ဆိုင်ရာခွင့်ပြုချက်များဖြစ်ပါသည်။
ဥပဒေသည် ရိုးရိုးရှင်းရှင်းပင်ဖြစ်ပါသည်။
အမေရိကန်နိုင်ငံ၏ သမ္မတအာဏာလွှဲပြောင်းရေးဥပဒေ ၁၉၆၃၌
ပုဒ်မ (၅)ခုသာပါဝင်ပါသည်။ ဥပဒေ၏ ရည်ရွယ်ချက် သမ္မတနှင့်
ဒုသမ္မတတို့၏ လုပ်ငန်းတာဝန်များလွှဲပြောင်းပေးရာ၌ လွယ်ကူ
ချောမွေ့ရေး၊ လွှဲပြောင်းမှုလုပ်ငန်း စဉ်များကို
တာဝန်ယူဆောင်ရွက်ရမည့် အဖွဲ့အစည်း လွှဲပြောင်း
မှု၏ကုန်ကျစရိတ်ခွင့်ပြုငွေ၊ သုံးစွဲပိုင်
ခွင့်လွှဲပြောင်းမှု အထောက်အပံ့ဖြစ်သော ရွေးကောက်ပွဲအကြို
ကာလ နှင့် လွှဲပြောင်းမှု လွှဲပြောင်းပြီး နောက်
အထောက်အပံ့များ၊ ဝန်ဆောင်မှု၊ ရုံးခန်းအသုံး
အဆောင်ပစ္စည်းကရိယာနှင့် ငွေကြေးများ၊ လွှဲပြောင်းပေးရာ၌
နိုင်ငံတော်လျို့ဝှက်ချက်ဆိုင် ရာများကိစ္စ၊ အစိုးရအဖွဲ့၏
ဌာနဆိုင်ရာ လျှို့ဝှက်ကိစ္စ လုပ်ငန်းအစီရင်ခံစာနှင့်
ထုတ်ဖော် ပြောဆိုရမည့်ကိစ္စများ ပါဝင်ပါသည်။ လွှဲပြောင်းမှု
အသုံးစရိတ်များကိုလည်း အချိန်အခါအရ ၁၉၆၃ခုနှစ် ဥပဒေအရ
အမေရိကန်ဒေါ်လာ ၉ သိန်းခွင့်ပြုခဲ့ရာမှ ယခုအခါ
အမေရိကန်ဒေါ်လာ ၈.၉၅သန်းအထိ ခွင့်ပြုခဲ့ပါသည်။
ဥပဒေကိုလည်း လိုအပ်သလို အကြိမ်ကြိမ် ပြင်ဆင်ဖြည့်
စွက်ခဲ့ပါသည်။
မြန်မာနိုင်ငံတွင်လည်း သမ္မတလွှဲပြောင်းရေးဥပဒေ
လုပ်ထုံးလုပ်နည်းများ ယခုအကြိမ်တွင်
မပြဋ္ဌာန်းနိုင်သေးသော်လည်း နောင်တွင်တိတိကျကျပြဋ္ဌာန်းရန်
လိုအပ်မည်ဖြစ်ပါသည်။ အန်အယ်လ်ဒီပါတီ သည် ရွေးကောက်ပွဲတွင်
အပြတ်အသတ်အနိုင်ရရှိခဲ့ခြင်း၊ လက်ရှိ
ဦးသိန်းစိန်သမ္မတအစိုးရကလည်း
အာဏာလွှဲပြောင်းပေးရန်လိုလားခြင်းတို့ကြောင့်
ယခုအကြိမ်အာဏာလွှဲပြောင်းရေးသည် ထီးလိုမင်း လိုဖြစ်ကာ
အစဉ်ချောမွေ့မည်ဟု အားလုံးကယုံကြည်မျှော်လင့်ထားကြပါသည်။
မြန်မာ သမိုင်းမှတ်တိုင် တစ်ခုကို နှစ်ဦးနှစ်ဘက်
လိုလိုလားလား စိုက်ထူကြမည့် လက်ခာများ တွေ့နေရ ပါသည်။
သို့ရာတွင် နောင်ပါတီစုံအထွေထွေရွေးကောက်ပွဲများ၌
ပါတီများ အကြိတ်အနယ် ယှဉ် ပြိုင်ကြရသောအခါမျိုး၌
သမ္မတလွှဲပြောင်းရေးကို တိကျသော ဥပဒေ၊ လုပ်ထုံးပြဋ္ဌာန်းချက်
များရှိဖို့ အမှန်လိုအပ်မည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ လာမည့်ဒုတိယအကြိမ်
လွှတ်တော်သက်တမ်းကာလတွင် သမ္မတနှင့် နိုင်ငံ
တော်အာဏာလွှဲပြောင်းရေးဥပဒေ၊
လုပ်ထုံးလုပ်နည်းများရေးဆွဲပြဋ္ဌာန်းသင့်ပါကြောင်း…….။
ရှေ့နေ-မောင်ကံ DVB