Headlines News :
Home » » Super Tuesday အကြိုရွေးကောက်ပွဲတွေမှာ Clinton နဲ့ Trump အသာစီးရ

Super Tuesday အကြိုရွေးကောက်ပွဲတွေမှာ Clinton နဲ့ Trump အသာစီးရ

Written By Live100 on Wednesday, March 2, 2016 | 9:07 AM


ပြည်နယ်ပေါင်း (၁၂) ပြည်နယ်မှာ အရေးကြီးလှတဲ့ အင်္ဂါနေ့က ကျင်းပတဲ့ Super Tuesday ပါတီတွင်း သမ္မတကိုယ်စားလှယ်လောင်း ရွေးချယ်ပွဲတွေမှာ ရီပတ်ဘလစ်ကန်က Donald Trump နဲ့ ဒီမိုကရက်က Hillary Clinton တို့က သမ္မတအတွက် သူတို့သက်ဆိုင်ရာ ပါတီတွေရဲ့ အမည်တင်သွင်းမှု ရရှိနိုင်ဖို့ ပိုမို အခြေအနေကောင်းလျှက် ရှိကြပါတယ်။
Georgia ကနေ Alaska အထိ ပြည်နယ်ပေါင်း (၁၂) ပြည်နယ်မှာ မဲဆန္ဒရှင်တွေက မဲပေးလျှက်ရှိကြရာမှာ အမေရိကန်အရှေ့ဘက်ခြမ်းရှိ တချို့မဲရုံတွေအနေနဲ့ ဒေသစံတော်ချိန် ည ၇ နာရီမှာ ပိတ်ကြမှာဖြစ်ပြီး မကြာမီအတွင်း ကနဦး အနိုင်အရှုံးစာရင်းတွေ ထွက်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
အခုအသံလွှင့်ချိန်အထိ သတင်းဌာနတွေရဲ့ ကြိုတင် ခန့်မှန်းချက်တွေအရ ဒီမိုကရက်ပါတီက Hillary Clinton က Georgia နဲ့ Virginia ပြည်နယ်တွေမှာ အနိုင်ရရှိနေပြီး Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders ကတော့ သူ့ပြည်နယ်မှာ အနိုင်ရလိမ့်မယ်လို့ ဆိုပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton က ဖလော်ရီဒါပြည်နယ် Miami မြို့မှာ မိန့်ခွန်းပြောကြားဖို့ရှိပြီး Sanders ကတော့ သူ့ပြည်နယ်မှာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
ရီပတ်ဘလစ်ကန် ပါတီဘက်ကတော့ Georgia ပြည်နယ်မှာ Donald Trump က အနိုင်ရလိမ့်မယ်လို့ ဆိုပါတယ်။ Virginia ပြည်နယ်မှာတော့ Trump က အသာစီးရနေပေမဲ့ ဖလော်ရီဒါပြည်နယ် အထက်လွှတ်တော်အမတ် Marco Rubio က နောက်က ကပ်လိုက်နေတဲ့အတွက် အနိုင်အရှုံး သဲသဲကွဲကွဲ မသိရသေးပါဘူး။
VOA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template