Headlines News :
Home » » ကျွန်းစု ပင်လယ်ရေပြင်တွင် လေတပ်မှ ပစ်ခတ်လေ့ကျင့်ရန် ရေကြောင်း သတိပေးချက် ထုတ်ပြန်

ကျွန်းစု ပင်လယ်ရေပြင်တွင် လေတပ်မှ ပစ်ခတ်လေ့ကျင့်ရန် ရေကြောင်း သတိပေးချက် ထုတ်ပြန်

Written By Live100 on Wednesday, March 2, 2016 | 9:20 AM


|Dawei Watch| မြိတ်၊ မတ် ၁
မြိတ်ခရိုင် ကျွန်းစုမြို့နယ်ရှိ ကုလားကျွန်းတွင် မြိတ်ခရိုင်လေတပ်စခန်းဋ္ဌာနချုပ်မှ မတ်လ ၁ ရက်နေ့မှစပြီး
စမ်းသပ် လေ့ကျင့် ပစ်ခတ်မှု ပြုလုပ်သဖြင့် ခရီးသွား ရေယာဉ်များ၊ ငါးဖမ်းလှေများ လေ့ကျင့်ဧရိယာအတွင်း ဖြတ်သန်းသွားလာခြင်း မပြုရန် ရေကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။
မြိတ်ခရိုင် လေတပ်စခန်းဋ္ဌာနချုပ် ကွပ်ကဲမှုအောက် အမှတ်(၅၇)ရဟတ်ယာဉ်အုပ်စုရှိ အမ်အိုင်-၂ ရဟတ်ယာဉ်များဖြင့် ကုလားကျွန်း(ခေါ်)ကျွန်းဆင်းရဲ၌ ဝေဟင်-မြေပြင် စမ်းသပ်လေ့ကျင့် ပစ်ခတ်ခြင်းများကို မတ်လ ၁ ရက်၊ မတ်လ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၉ ရက်စွဲဖြင့် ထုတ်ပြန်သည့် မြိတ်-ကျွန်းစု ခရီးသည်တင်အမြန်ရေယာဉ်များသို့ ပေးပို့ထားသော ရေကြောင်း အသိပေးချက်ကြို တင်ထုတ်ပြန်စာတွင် ရေးသားဖော်ပြထားသည်။
မြိတ်-ကျွန်းစု ခရီးသည်တင်အမြန်ရေယာဉ်များ ၃ ရက်သာ ပြေးဆွဲမှုရပ်နားထားခဲ့ရကြောင်း မြိတ်-ကျွန်းစု အမြန်ရေယာဉ်အ သိုင်းအဝိုင်းမှ သိရသည်။
ဒီနေ့တစ်ရက်နားထားရတယ် မနက်ဖြန် ပြန်ဆွဲမယ် နောက်နှစ်ရက်မှာ ထပ်ပြီးနားရအုံးမယ်”ဟု ဂန္ဒမာ ၁ ခရီးသည်တင် အမြန်ရေယာဉ် ပိုင်ရှင်က ပြောသည်။
ထို့ပြင် ပစ်ခတ်မှုဧရိယာတစ်ဝိုက် သင်္ဘောကြီး/ငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များတို့မှ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းဆီးခြင်းတို့ကို မပြုလုပ်ကြပါရန် အဆိုပါ ဧရိယာအနီးမှ လွတ်ကင်းစွာ သတိပြုမောင်းနှင်သွားကြရန် အသိပေးနှိုးဆော်ထားသည်။
လိုက်နာမှုမရှိသော ရေယာဉ်များအား တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယင်းကဲ့သို့ ခရီးသည်တင်အမြန်ရေယာဉ်များ ရပ်နားခဲ့ရသဖြင့် ကျွန်းစုမြို့သို့ ကုန်ပစ္စည်းတင်ပို့မှုများနှင့် ကျွန်းစုအပါ အနီးအနားေ ကျးရွာများမှ ပြည်သူများမှ ခရီးသွားလာမှုအခက်အခဲတစ်ချို့ ကြုံတွေ့ရနိုင်ကြောင်း အမြန်ရေယာဉ် အသိုင်းအဝိုင်းမှ သိရသည်။
မြိတ်-ကျွန်းစု ခရီးသည်တင်အမြန်ရေယာဉ်များမှ ဂန္ဒာမာ-၁၊ ကြံတိုင်းအောင်၊ ရွှေပင်ဂွင်း စသည့် အမြန်ရေယာဉ် ၃ စီးဖြင့် အလှည့်ကျစနစ်ဖြင့် နေချင်းပြန်ပြေးဆွဲနေကြောင်း အမြန်ရေယာဉ် အသိုင်းအဝိုင်းမှ သိရသည်။

Dawei Watch
 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template