NLD ကတင်မည့် သမ္မတလောင်းများသည် ဆရာဝန် မဟုတ်ကြောင်း ၊ နာယက
သူရဦးတင်ဦးလည်း မဟုတ်ကြောင်း ဦးဝင်းထိန်က နေပြည်တော် ရှိ
ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ယနေ့ပြုလုပ်သည့် အစည်းအဝေး အပြီးတွင်
ပြောသည်။
ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များမှာ NLD မှသာဖြစ်မည်
ဖြစ်ကြောင်း ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ဦးညီပုကို
ရွေးချယ်ထားကြောင်း ဦးဝင်းထိန်က ဆိုသည်။
ဦးညီပုသည် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်သော်လည်း
ပြည်နယ်အဆင့်တွင် ယှဉ်ပြိုင်ရန် တာဝန်ပေးခြင်း ခံရသူဖြစ်ကာ ရခိုင်ပြည်နယ် ၊
ဂွမြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် အမတ် ဖြစ်လာသူ ဖြစ်သည်။
ထို့ပြင် ၂၀၁၆ မတ်လ ၃၀ ရက်နေ့၌ ပြည်ထောင်စု လွှတ်တော်တွင် အာဏာလွှဲပြောင်းမည်
ဖြစ်ကြောင်း၊ ဦးသိန်းစိန်က သမ္မတအိမ်တော် တွင် စောင့်ပြီး
လွှဲမည်ဖြစ်ကြောင်း၊ Dinner အခမ်းအနား လုပ်မည် ဖြစ်သော် လည်း
ငွေကုန်သက်သာချင်သည့်အတွက် အကျဉ်းချုံးသာ လုပ်မည်ဖြစ်ကြောင်းလည်း
ဦးဝင်းထိန်က ဆိုသည်။
သတင်း - ကိုပေါက်
The Ladies News