Headlines News :
Home » » နမ့်ခမ်းမြို့အနီး အေးရှားဝေါလ်ဂိတ်၌ ဗုံးကွဲ ရဲတစ်ဦးဒဏ်ရာရ

နမ့်ခမ်းမြို့အနီး အေးရှားဝေါလ်ဂိတ်၌ ဗုံးကွဲ ရဲတစ်ဦးဒဏ်ရာရ

Written By လွင့်မောင်မောင် on Wednesday, July 4, 2012 | 7:20 PM




သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ကောင်းဝိန်းရွာအနီးရှိ အေးရှားဝေါလ်ကုမ္ပဏီ တိုးလ်ဂိတ်တွင် ယမန်နေ့ နံနက် ၉ နာရီကျော်ခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ ရဲတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည် ။

၎င်းနေ့နံနက် ၇ နာရီခွဲခန့်က အဆိုပါဂိတ်အတွင်း မပေါက်ကွဲသေးသည့်ဗုံးနှစ် လုံးတွေ့ရှိခဲ့ပြီး နောက်ထပ် နှစ်နာရီခန့် အကြာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“မနက် ၇ နာရီခွဲလောက်က မပေါက်ကွဲသေးတဲ့ ဗုံးနှစ်လုံးအရင်တွေ့တာပေါ့၊ ရဲကသွားပြီး ဗုံးတွေကိုသွားရှင်းလင်း လိုက်တယ် ၊ နောက်နှစ်နာရီလောက်မှာ ကျန်တဲ့ဗုံးတစ်လုံး ထပေါက်ကွဲတာ၊ ဒဏ်ရာကသိပ်အပြင်းတော့ မဟုတ်ဘူး၊ ခေါင်းနဲ့ လက်မှာ ရှပ်ပြီးထိသွားတယ် ” ဟု သူက ဆိုသည် ။

အဆိုပါ ဗုံးထောင်သည့် လက်သည်မှာ မည်သူ ဖြစ်သည်ကို သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားစုံစမ်း၍ မရရှိပေ ။

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင်အတွင်း၌ KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲများ ဆက်ဖြစ်နေချိန်တွင် မကြာခဏ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

ယခုလ ၂ ရက်နေ့က ကြူကုတ် - ပန်ဆိုင်းမြို့နယ် ရီခူးရွာအနီး KIA နှင့် အစိုးရတပ် ခလရ ၁၄၁ တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ၄င်းတိုက်ပွဲ အတွင်း ခလရ ၁၄၁ မှ တပ်ရင်းမှူး ကျဆုံးသွားကြောင်း ကချင်သတင်းမီဒီယာများတွင် ကချင်ဘာသာဖြင့် ရေးသားထားသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template